
ပဲခူးတိုင်းဒေသကြီး (အနောက်) နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ လုပ်ကိုင်ကြပြီးသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံအဖြစ် ငရုတ်ကိုတပိုင်တနိုင် စိုက်ပျိုးလျှက်ရှိပါသည်။
ငရုတ်သီးပင်ကို မိုးကြို၊ မိုးနှင့်ဆောင်းဟူ၍ ရာသီမရွေး စိုက်ပျိုးနိုင်ပါသည်။ မိုးငရုတ်ကို ဧပြီးလ-မေလတို့တွင် ပျိုးထောင်ပြီး ဇွန်လတွင် ရွှေ့စိုက်ရပါသည်။ မိုးကြိုရာသီ (ဖေဖော်ဝါရီလ-မတ်လ)တို့တွင် စိုက်ပျိုးခြင်းက ငရုတ်သီးခြောက်ဈေးကောင်းရချိန်နှင့် ချိန်ကိုက်ခူးဆွတ်နိုင်ပါသည်။ ငရုတ်ပင်ကို ဂရုစိုက်မှု အပေါ် မူတည်၍ (၂)နှစ်ခန့်အထျ စိုက်ပျိုးခူးဆွတ် ထားရှိနိုင်ပါသည်၊ ယခုလိုမိုးဦးကာလတွင် ငရုတ်ပင်စိုက်ပျိုး မှု နည်းပါးသောကြောင့် နွေရာသီတွင် ရေလောင်းထားရခြင်းတို့ကြောင့် ကျောက်စိမ်းငရုတ် (၁၀)သားလျှင် (၂၀၀၀)ကျပ်၊ လှိုင်လှိုင်ပေါ်သောအခါ (၁၀၀၀)ကျပ်နှင့် ပင်နံငရုတ်(၁၀)သား လျှင် (၃၀၀၀-၂၅၀၀)ကျပ် ဈေးအထိ ဈေးကောင်းရရှိပြီး စိုက်ပျိုးသူတောင် သူများအနေဖြင့် ဝင်ငွေတိုး အကျိုးအမြတ်ရရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)
