ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဘူးသီးသည် မြန်မာ့ခြံထွက် သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။ တောင်ငူမြို့အနီးရှိ ကျေးရွာများတွင် ဘူးပင်များကို တပိုင်တနိုင်စိုက်ပျိုးကြသူများ အပိုဝင်ငွေ ရရှိကြပါသည်။ ယခုအခါတွင် ဘူးသီးများလှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ တောင်ငူမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချလျက်ရှိနေပါသည်။

ဈေးကွက်အတွင်း ကြက်သားနှင့် ကြက်ဥဈေးနှုန်းများကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပွင်မြို့နယ်အတွင်း အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်လာကြကြောင်းသိရှိရသည်။ ထိုသို့ ကြက်မွေးမြူရေးခြံများ ပိုမိုများပြားလာသည့်အနက် အသားတိုးကြက်မွေးမြူရေးလုပ်ငန်းသည် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်သောကြောင့် ဥစားကြက်

မွန်ပြည်နယ် ပေါင်မြို့နယ်အနီး ဝန်းကျင်နှင့်ကျေးလက်ဒေသများတွင် တိုင်ထောင် ပဲတောင့်ရှည်စိုက်တောင်သူများ ဈေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

မော်လမြိုင်မြို့ ဈေးကွက်အတွင်း၌ အောက်တိုဘာလ (တတိယပတ်)တွင် ကြက်ဥဘဲဥ ဈေးနှုန်းမြင့်တက်လာသည်။ ယခင် (စက်တင်ဘာလ)တွင် ကြက်ဥတစ်လုံး ၃၂၀ ကျပ်၊ ဘဲဥတစ်လုံး ၄၅၀ ကျပ်ဖြစ်ခဲ့ရာမှ ယခုလ အောက်တိုဘာလ(တတိယပတ်) တွင် ကြက်ဥတစ်လုံး ၃၅၀မှ ၄၀၀ကျပ် ၊ ဘဲဥတစ်လုံး ၅၂၀မှ ၅၅၀ကျပ် ဖြစ်ပေါ်နေသည်။ ထို့ကြောင့် မော်လမြိုင်ဒေသ၏ ကြက်ဥဘဲဥဈေးနှုန်းမှာ တစ်လုံ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ အောက်တိုဘာလ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူမျ
