Main menu

မုံရွာမြို့မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးရှိ သင်္ဘောသီးနှင့် ဂွေးချိုသီးဈေးနှုန်း

Powered by Drupal

 

                စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ရာသီပေါ်ခြံထွက်သီးနှံများ နှစ်ရှည်သီးနှံပင်များနှင့် စားသောက်ကုန်များ အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ စိုက်ပျိုးရရှိသော သင်္ဘောသီးများနှင့် ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် လာရောက်ရောင်းချကြကြောင်း သိရှိပါသည်။ သင်္ဘောသီးအစိမ်းမှာ သွေးကျဲစေသော ဓာတ်တစ်မျိုးပါရှိပြီး အမှည့်မှာ မျက်စိ အမြင်အာရုံအား ကောင်းစေပါသည်။ သင်္ဘောသီသည် သင်္ဘောသီးဖျော်ရည်၊ သင်္ဘောသီးသုပ် နှင့် အိမ်ရှင်မများ အကြိုက်ဟင်းလျာ များတွင် အများအပြားထည့်သွင်းအသုံးပြုကြသော အဖိုးတန်သစ်သီး တစ်မျိုးဖြစ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် သင်္ဘောသီး အစိမ်းတစ်လုံးလျှင် (၈၀၀/၁၂၀၀) ကျပ်နှင့် အမှည့် တစ်လုံးလျှင် (၃၆၀၀/၄၅၀၀) ကျပ်၊  ဂွေးချိုသီး (၂၀)လုံးပါ တစ်ထုပ်လျှင် (၉၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းများ အနည်းငယ်ကျဆင်းသွား ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)