
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများသည့် မိမိတို့အိမ်ခြံဝင်း မြေကွက်လပ်များနှင့် မိမိပိုင်ယာမြေများတွင် ငှက်ပျောပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါ သည်။ စိုက်ပျိုးရရှိသော ခြံထွက်ငှက်ပျောသီးများကို မုံရွာမြို့ပေါ်ရှိ သံလမ်းဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်၌ သံလမ်းဈေးတွင် ငှက်ပျောသီး ဖီးကြမ်း (အစိမ်း) တစ်ဖီးလျှင် (၂၃၀ဝ/၂၆၀ဝ) ကျပ်၊ ဖီးကြမ်း (အမှည့်) တစ်ဖီးလျှင် (၂၅၀ဝ/ ၃၅၀ဝ) ကျပ်၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင်(၁၂၀၀/၂၀၀၀)ကျပ်၊ ရွှေနီတစ်ဖီးလျှင် (၃၆၀၀/ ၅၂၀၀) ကျပ်၊ ရွှေဝါတစ်ဖီးလျှင် (၃၅၀၀/ ၅၀၀၀)ကျပ်၊ သီးမွှေးငှက်ပျောသီး တစ်ဖီးလျှင် (၁၃၀၀/ ၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ငှက်ပျောသီးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
