Main menu

၂၀၂၆ ခုနှစ် ဩဂုတ်လ ပထမပတ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းစာရင်းနှင့် ပဲပုတ်လက်ကျန်စာရင်း

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ပထမပတ် မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းများမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၁၅၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ခန့်ရှိပါသည်။ လက်ရှိတွင် မြေပဲထွက်ချိန်မဟုတ်ပါ အသစ်များမှာ ဩဂုတ်လလယ်နှင့် စက်တင်ဘာလပိုင်းတို့တွင် ထွက်မည် ဖြစ်ပါသည်။ လက်ရှိလှောင်ပဲလက်ကျန်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၆၅၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းဖြူအသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၀၀၀) ဝန်းကျင်ခန့်ဝင်သည်ဟု ခန့်မှန်းပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ် လျှင် ၅၂၀၀၀၀ ကျပ်ခန့်ရှိပြီး နှမ်းနက်အသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းနက်အသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၅၀၀) ဝန်းကျင်ခန့်  ဝင်သည်ဟု ခန့်မှန်းပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ၂၀၂၆ ခုနှစ် အတွက် ပဲပုတ်လက်ကျန်တန်ချိန် (၁၇၃၀၀) ဝန်းကျင်ရှိ ကြောင်းနှင့် ဇူလိုင်လ နောက်ဆုံးပတ်တွင် မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၂၀၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၁၁၅၀၀ ကျပ်၊  မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၅၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၁၁၀၀၀ ကျပ်၊ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၈၀၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၃၆၅၀၀၀ ကျပ်၊ ၂၀၂၆ ခုနှစ်အတွက် ပဲပုတ် တန်ချိန် ၁၇၀၀၀ ရှိရာမှ ယခုတစ်ပတ်တွင် တန်ချိန် ၁၇၃၀၀ ရှိကြောင်း ကုန်စည်ဒိုင်ပဲနှမ်းအသင်းမှ သိရှိရပါသည်။  

DOCA(ရန်ကုန်)