အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၏ မေလ (၁၅)ရက်နေ့၌ ထုတ်ပြန်ထားသောအမိန့်တွင် စားအုန်းဆီကြမ်း (CPO) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၉၃.၂၃ အား ရည်ညွှန်းဈေးအဖြစ် သတ်မှတ်ခဲ့ရာ ယခင် မေလ ၁ ရက်နေ့မှ ၁၅ ရက်အတွင်း သတ်မှတ်ထားသော ရည်ညွှန်းဈေး အမေရိကန်ဒေါ်လာ ၉၅၅.၅၃ ထက် ဈေးနှုန်းများ ကျဆင်းလာခဲ့သည်။ ယခုရည်ညွှန်းဈေးအသစ်အရ စားအုန်းဆီကြမ်းတစ်တန်လျှင် တင်ပို့မှုအခွန်မှာ အမေရိကန်ဒေါ်လာ ၇၄ ဖြစ်၍ စည်းကြပ်ခွန်မှာ အမေရိကန် ဒေါ်လာ ၉၅ သာ ကောက်ခံတော့မည်ဖြစ်ရာ ယခင် (၁၅) ရက်ထက် အခွန်များလျော့ကျသွားကြောင်း ပါကစ္စတန်နိုင်ငံအခြေစိုက် Business Recorder သတင်းဌာနက ဖော်ပြထားသည်။
Source: Business Recorder, 15 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)