စားသုံးသူရေးရာဦးစီးဌာန၊မိုးညှင်းခရိုင် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၆-၁၀၂၀၂၁ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်ဆော်လော်ကျေးရွာအုပ်စုတွင်လည်းကောင်း၊ ၇.၁.၂၀၂၁ ရက်နေ့တွင် နန်းမားမြို့နယ်၊ ကျွန်းပင်သာကျေးရွာတွင်လည်းကောင်း စားသုံးသူရေးရာနှင့်ပတ်သက်သည့် ဆွေးနွေးဟောပြောမှုများ ဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေး ပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏သမိုင်း ၊ စားသုံးသူရေးကာကွယ်ရေးဥပဒေ(၂၀၁၉)ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှုတို့ကို ဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်တို့ကို အသေးစိပ်ဆွေးနွေးခဲ့ပြီး စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက နစ်နာဆုံးရှုံးမှု များကို လူကိုယ်ဖြစ်စေ Phone၊ Mail၊ Fax၊ Website နှင့် mobile application တို့မှဖြစ်စေ တိုင်ကြားနိုင်သည့်အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်ကြသူများက မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကချင်ပြည်နယ်(DOCA)