၂၀၁၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သော မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ပြည်သူသမ္မတနိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် ကုမ္ပဏီ(၄၃)ခု၊ ဆန်စက် (၁၀၃)စက် လျှောက်ထားလာပါကြောင်း၊ ယင်းစာချုပ်အရ လိုအပ်သော အချက်အလက်များအား အဓိက အပိုင်း(၃)ပိုင်း သတ်မှတ်၍ စစ်ဆေးခဲ့ပါကြောင်း၊ အပိုင်း (A) ကုန်ကြမ်း၊ ကုန်ချော သိုလှောင်ရုံထားရှိမှု၊ အပိုင်း (B) လုပ်သား များ၏ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ကျန်းမာသန့်ရှင်းရေးတို့ကို MITS မှ အဓိက တာဝန်ယူ စစ်ဆေးပေးပါကြောင်းနှင့် အပိုင်း(C) ဆန်စက်များ၏ ကြိတ်ခွဲရေးဆိုင်ရာ အဆင့်အတန်းလိုအပ်ချက်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးပေးပါကြောင်း၊ အဆိုပါ စစ်ဆေးရေးကဏ္ဍရှိအပိုင်း (၃)ပိုင်းတွင် စုစုပေါင်း အချက် (၂၄)ချက် ပါဝင်ပါကြောင်း၊ လျှောက်ထားလာသည့် ကုမ္ပဏီ(၄၃)ခု၊ ဆန်စက် (၁၀၃)စက် လျှောက်ထားလာရာ ၎င်းဆန်စက်များအနက် ယင်းစာချုပ်နှင့်အညီ စစ်ဆေး၍ လိုက်လျောညီထွေဖြစ်သည့် ကုမ္ပဏီ (၄၃) ခု၊ ဆန်စက်(၇၉)စက်ကို ရွေးချယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့လည်းကောင်း ယင်းမှတဆင့် တရုတ်နိုင်ငံ၊ GACC ၏ သွင်းကုန်နှင့်ပို့ကုန် အစားအစာ ဘေးကင်းလုံခြုံရေးဗျူရိုသို့ ပေးပို့ခဲ့ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်နှင့်ဆန်ကွဲတင်ပို့ရန်အတွက် ကုမ္ပဏီ ၄၃ ခုနှင့် ဆန်စက်(၇၉)စက်တို့အား ၁၀.၇.၂၀၂၀ ရက်နေ့တွင် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၏ တရားဝင် Website တွင် မှတ်ပုံတင်ပြီးဖြစ်ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပင်လယ်ရေကြောင်း မှတဆင့် ဆန်တန်ချိန် ၁ သိန်း တင်ပို့ရန်အတွက် စာချုပ်ချုပ်ဆိုထားပါကြောင်း၊ ယင်းစာချုပ်အရ ယခင် မှတ်ပုံတင်ပြီးဖြစ်သည့် ကုမ္ပဏီ(၁၁)ခုအနက် ကုမ္ပဏီ (၈) ခုမှ ဆန်တန်ချိန် ၉၉၀၀၀ အား တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်ရေးဆောင်ရွက်ရာတွင် ကုမ္ပဏီအသစ်များနှင့် ကုမ္ပဏီအဟောင်းများကို ပြန်လည်မှတ်ပုံတင်ရန်လိုအပ်ပါကြောင်း နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့်ဆန်ထွက်ပစ္စည်း တင်ပို့ရောင်းချမှုအတွက် ကုမ္ပဏီမှတ်ပုံတင်ခွင့် ရရှိရေးအတွက် အောက်ပါဇယားအတိုင်း ဆောင်ရွက်ရမည့် အချိန်များအား တရားဝင် အသိပေးထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်-
စဉ် |
ဆောင်ရွက်ရမည့် လုပ်ငန်းများ |
ဆောင်ရွက်မည့်အချိန် |
၁။ |
၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀ - ၂၀၂၁ အတွင်း တရုတ်နိုင်ငံသို့ ကုမ္ပဏီ(၄၃) ခု၏ တင်ပို့ရောင်းချထားမှု အခြေအနေကို စိစစ်သုံးသပ်ရန်နှင့် ကုမ္ပဏီအသစ်များ/ ကုမ္ပဏီအဟောင်းများကို ပြန်လည် မှတ်ပုံတင် နိုင်ရေးအတွက်(Expression of Interest) လျောက်လွှာခေါ်ယူခြင်းကို သတင်းစာတွင် ထည့်သွင်းဖိတ်ခေါ်ခြင်း၊ |
မတ်လ |
၂။ |
ဆန်တင်ပို့ခွင့်ရကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့မှု ကိစ္စ၊ မှတ်ပုံတင်မှုကိစ္စများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေး အတွက် စားသုံးသူရေးရာဦးစီးဌာန မှ Onlin Application Software တစ်ခု ထူထောင်ခြင်း၊ |
ဆောင်ရွက်ဆဲ |
၃။ |
လျှောက်ထားလာသည့် ကုမ္ပဏီများ၏ အခြေခံအချက်အလက်များ ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကနဦးစစ်ဆေးခြင်း၊ |
ဧပြီလ |
၄။ |
လျှောက်ထားလာသည့် ကုမ္ပဏီများ၏ ဆန်စက်/သိုလှောင်ရုံများကို Third Party မှ စစ်ဆေးခြင်း၊ |
မေလ |
၅။ |
စစ်ဆေးပြီးကုမ္ပဏီများ၏ဆန်စက်/သိုလှောင်ရုံများကို သက်ဆိုင်ရာ ဌာန (စားသုံးသူရေးရာဦးစီးဌာန/ စိုက်ပျိုးရေးဦးစီးဌာန) သို့ တင်ပြ ပြီး ယခင်ပြုစုပေးပို့ခဲ့သည့် “Inspection Report” Format အတိုင်း ပြင်ဆင်၍ ပေးပို့ခြင်း၊ |
ဇွန်လ |
၆။ |
တရုတ်နိုင်ငံသို့ဆန်တင်ပို့မည့်ကုမ္ပဏီများ၏ သိုလှောင်ရုံများတွင် SPS Protocol ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေး ဌာနခွဲမှစစ်ဆေးပြီးစစ်ဆေးတွေ့ရှိချက်များကို Technical Working Committee သို့ တင်ပြခြင်း၊ |
ဇူလိုင် |
၇။ |
Technical Working Committee မှ ရွေးချယ်အတည်ပြုပြီးသော ဆန်စက်များနှင့် ကုမ္ပဏီများအား GACC Website တွင် Registration လုပ်နိုင်ရန်အတွက် အသေးစိတ်အချက်အလက်များ နှင့် Final Inspection Report ကို MRF မှ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ ပြင်ဆင်ပေးပို့ခြင်း၊ |
ဩဂုတ်လ |
၈။ |
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆန်တင်ပို့ ခွင့်ရ ကုမ္ပဏီများ၏ Registration ပြုလုပ်ရန်လိုအပ်သည့် အချက် အလက်များနှင့် Inspection Report အား နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ပေးပို့ခြင်း၊ |
စက်တင်ဘာလ |
၉။ |
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆန်တင်ပို့ခွင့်ရ ကုမ္ပဏီများ ၏ Registration ပြုလုပ်ရန် လိုအပ်သည့် အချက်အလက်များနှင့် Inspection Report အား GACC သို့ ပေးပို့ခြင်း |
အောက်တိုဘာလ |