
ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် အလားအလာရှိသော အဓိကသီးနှံများ၏ စတင်စိုက်ပျိုးမှုမှသည် စျေးကွက်တင်ပို့ရောင်းချမှုအခြေအနေများအား သိရှိနိုင်ရေးအတွက် စဉ့်ကိုင်မြို့နယ်၊ ပလိပ်ရှိ သဇင်နွယ်သရက်ခြံ၌ ပိုင်ရှင်ဖြစ်သူ ဒေါ်သန်းသန်းဆွေနှင့် တွေ့ဆုံ၍ သရက်သီးများ၏ စျေးနှုန်းစျေးကွက်အခြေအနေများအား မေးမြန်းခဲ့ပါသည်။
မေးမြန်းမှုအရ သဇင်နွယ်သရက်ခြံမှာ (၂၂)ဧကရှိပြီး စိန်တစ်လုံး(၃၈၄)ပင်၊ ရွှေဟင်္သာ(၆၅)ပင်၊ ဦးမေရိယ(၁၉၁)ပင်၊ ရင်ကွဲ(၁၇)ပင်၊ အကြမ်း(၉၇)ပင် စိုက်ပျိုးထားကြောင်း၊ ၄င်းခြံမှထွက်ရှိသော သရက်သီးများအပြင် ဒေသထွက်စိန်တစ်လုံး သရက်သီးများအား စင်ကာပူနိုင်ငံသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် ကွန်တိန်နာများဖြင့် ၂၀၂၃ခုနှစ်၊ မေလ(၄)ရက်နေ့မှ စပြီးတင်ပို့လျက်ရှိရာ ယနေ့အချိန်အထိ ကွန်တိန်နာ(၅)စီး ပေးပို့ပြီးဖြစ်ကြောင်း၊ ကွန်တိန်နာ(၁)စီး လျှင်(၇-၈) တန်အထိ ဝင်ဆံ့ပြီး စိန်တစ်လုံး သရက်(၄၀)တန်ခန့် စင်ကာပူသို့ ပေးပို့ပြီးဖြစ်ကြောင်း၊ ယခုသရက်သီးရာသီတွင် ဇွန်လလယ်အထိ တန်(၁၀၀)ခန့် ပေးပို့ရန်ရည်မှန်းထားကြောင်း၊ နိုင်ငံခြားသို့ ပို့ရန်အတွက် သရက်တောင်သူများထံမှ စိန်တစ်လုံးသရက်အား (250gm-300gm) အရွယ်အစားတစ်တန်လျှင်(၁၂၅၀၀၀၀/-)ကျပ် ပေးရကြောင်း၊ စင်ကာပူသို့ တင်ပို့ရာ၌ သရက်သီး အကြီး/အသေးများအား ဘားကုဒ်များဖြင့် ဖော်ပြပြီးတင်ပို့ရကြောင်း၊ သဇင်နွယ်သရက်ခြံမှ စင်ကာပူသို့ စိန်တစ်လုံးသရက်သီးများအား တင်ပို့ရာ၌ ယခုနှစ်ဆိုလျှင် (၄)နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ သရက်သီးများ နိုင်ငံခြားသို့ တင်ပို့မှုအပြင် ၄င်းခြံထဲ၌ ပြည့်ပြည့်အမည်ဖြင့် စားသောက်ကုန်လုပ်ငန်းအား ထူထောင်ထားပြီး နိုင်ငံခြားသို့ ပို့၍မရသည့် စိန်တစ်လုံးသရက် ပယ်သီးများအား တစ်တန်လျှင် (၅၀၀၀၀၀/-) ကျပ်ဖြင့် ပေးဝယ်ပြီး သရက်သီးများအား Value Added ပြုလုပ်၍ သရက်ပျဉ် ၊ သရက်ခြောက် ၊ အေးခဲ သရက်သီး(အနှစ်)များကို ထုတ်လုပ် လျှက်ရှိပြီး ထွက်ရှိလာသည့် ကုန်ချောများအား ပြည်တွင်းစျေးကွက်ထဲသို့ ဖြန့်ချိလျက်ရှိရာ သရက်ပျဉ်(၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ်၊ သရက်သီး(အနှစ်)1Kg တစ်ထုတ်လျှင်(၆၀၀၀/-)ကျပ်၊ သရက်ခြောက်(၁)ပိဿာလျှင် (၁၅၀၀၀/-) ကျပ် ရရှိကြောင်း သိရှိရပါသည်။
DOCA (မန္တလေး)