Main menu

သံဖြူဇရပ်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်

Powered by Drupal

     မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၁-၆-၂၀၂၃) ရက်နေ့၌ သံဖြူဇရပ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ Talk Show တွင် သံဖြူဇရပ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီက Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဥပဒေတွင်ပါဝင်သော စကားရပ်၏အဓိပ္ပါယ်များ၊ ဥပဒေ၏ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်အကြောင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ သိကောင်းစရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိခဲ့လျှင် လူကိုယ်တိုင်ဖြစ်စေ၊ Online မှဖြစ်စေ၊ Call Center ဖုန်းနံပါတ် ၁၅၃၅ သို့ တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)