Main menu

စားအုန်းဆီများအား ဈေးကွက်အတွင်းလက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်

Powered by Drupal

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၃၀-၅-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာနှင့် မှိန်ကနိမ်းကျေးရွာတို့တွင်လည်းကောင်း၊ (၃၁-၅-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့နယ်ရှိ ရွှေတောင်ရပ်ကွက်၊ ဒိုဘီချောင်ရပ်ကွက်တို့တွင်လည်းကောင်း၊ (၁-၆-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ ကျိုက်မရောဈေးတို့တွင်လည်းကောင်း၊ (၂-၆-၂၀၂၃) ရက်နေ့တွင် ပေါင်မြို့နယ်၊ ပေါင်ဈေး၊ ကျောက်တံတားကျေးရွာတို့တွင်လည်းကောင်း၊ (၃-၆-၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ကတောင်စိန်ကျေးရွာ၊ ဒေါင်းဥကျေးရွာနှင့် ချောင်းဆုံဈေးတို့တွင်လည်းကောင်း ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသည့်စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ဆောင်ရွက်ရာတွင် စားအုန်းဆီတင်သွင်းသည့်ကုမွဏီများမှ လက်ကားကုန်သည်များထံသို့ ဖြန့်ဖြူးပေးသည့်စားအုန်းဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ်ထပ်ပေါင်းထည့်ကာ အမြတ်၂ရာခိုင်နှုန်းထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)