Main menu

မကွေးမြို့၊ မင်္ဂလာစျေး၌ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရန် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

     (၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မကွေးမြို့၊ သိင်္ဂါရပ်ကွက်ရှိ မင်္ဂလာစျေး၌ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းတာဝန်ခံနှင့်ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့(စျေးတာဝန်ခံ)တို့နှင့်ပူးပေါင်းပြီး စျေးကွက်အတွင်းရှိ ကုန်စည်များအား စားသုံးရန်သင့်/မသင့်တို့ကို ဓာတ်ခွဲစမ်းသပ်ရန် ကုန်စည် နမူနာဝယ်၍ Mobile Lap ဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် စျေးကွက်အတွင်းရှိ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိတို့ကို စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)