Main menu

သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးကော်မတီအဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်း၍ (၂၄-၅-၂၀၂၃) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော သက်တမ်းလွန်သောက်ရေသန့်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော သက်တမ်းလွန်သောက်ရေသန့်လုပ်ငန်းရှင်များ၏ စက်ရုံများသို့သွား‌ရောက်၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ ထုတ်လုပ်မှုဖြစ်စဉ်များ၊ သက်တမ်းတိုးရန်အတွက် လိုအပ်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)