Main menu

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်တချို့ ဈေးနှုန်းအတက်အကျရှိနေ

Powered by Drupal

    တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း(မိုးထောင်သီး)မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၉၀၀၀ကျပ်ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် အလုံးအသေး/အကြီးအပေါ်မူတည်၍ တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၅၀၀ကျပ်ထိဈေးနှုန်းကျဆင်းခဲ့ပြီး ကုလားအော်သီးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ခရမ်းသီး(အဖြူ)တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ ခရမ်းသီး(အညို)တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ဒေသသခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀ကျပ်၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ ဂေါ်ဘီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၀၀၀ကျပ်ထိ၊ ခရမ်းချဉ်သီးမှာ  ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၃၀၀ကျပ်ထိသို့ ဈေးနှုန်းကျဆင်းခဲ့ပါသည်။

     ပြောင်းဖူးအကြီးတစ်ဖူးလျှင် ၂၀၀ကျပ်မှ ၂၅၀ကျပ်ထိ၊ ပြောင်းဖူးအသေးတစ်ဖူးလျှင် ၁၃၀ကျပ်မှ ၁၅၀ကျပ်ထိဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး နံနံပင်မှာ ယခင်အပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၆၀၀ကျပ်မှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်ထိသို့ ဈေးနှုန်းဆက်လက်မြင့်တက်လာခဲ့ပါသည်။ ကန်စွန်းရွက်မှာ တစ်စည်းလျှင်း ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)