Main menu

အိန္ဒိယနိုင်ငံ၌ ဆန်ဈေးနှုန်းများ သုံးလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

Powered by Drupal

ပြည်တွင်း၌ ရောင်းလိုအား လျော့ပါးလျက်ရှိမှုနှင့်အတူ အစိုးရက ဈေးပေးဝယ်ယူမည့်  အခြေခံစပါးရည်ညွှန်းဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်းက  မတ်လအစောပိုင်းကာလရှိ ဈေးနှုန်းများနှင့်  နှိုင်းယှဉ်ပါက အိန္ဒိယ၏ အဓိကထိပ်တန်းဆန်တင်ပို့မှု ဈေးနှုန်းများသည် အမြင့်ဆုံးနှုန်းသို့ မြင့် တက်ခဲ့ပါသည်။ အိန္ဒိယအစိုးရသည် ရှေ့လာမည့်သီးနှံရာသီ၌ စိုက်ပျိုးထွက်ရှိသော စပါးများကို ယခင်နှစ်ဈေးနှုန်းထက် ၇% တိုးမြှင့်လျက် ၁၀၀ ကီလိုဂရမ်လျှင် ရူပီးငွေ ၂၁၈၃ နှုန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ဆန်ကွဲပါဝင်မှု ၅% ရှိသော ပေါင်းဆန်အမျိုးမျိုးမှာ ယခင်သီတင်းပတ်က တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၅ မှ ၃၈၀ ဒေါ်လာအကြားရှိရာမှ ယခု အမေရိကန်ဒေါ်လာ ၃၈၈ မှ ၃၉၅ ဒေါ်လာအထိ ဈေးခေါ်ခဲ့ပြီး မြင့်တက် လျက်ရှိသည်။

အစိုးရက အထောက်အပံ့ပြု ဝယ်ယူမည့် အခြေခံစပါးရည်ညွှန်းဈေးနှုန်း မြင့်တက်မည်ဟု ခန့်မှန်းချက်များနှင့်အတူ လွန်ခဲ့သောတစ်လအတွင်း စပါးဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ အကျိုးအားဖြင့် ပြည်ပတင်ပို့သည့် ဆန်ဈေးနှုန်းများသည် လည်း မြင့်တက်ခဲ့ကြောင်းဖြင့် ပို့ကုန်လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သူ Satyam Balajee မှ အမှုဆောင်ဒါရိုက်တာ Himanshu Agarwal က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော သဘာဝဘေးအန္တရာယ်များကြောင့် ရိက္ခာရှားပါး ပြတ်လပ်မှုဒဏ်ကို  မကြာခဏကြုံတွေ့ရလေ့ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ ဇွန်လတွင် ကုန်ဆုံးမည့် လက်ရှိဘဏ္ဍာရေးနှစ် ပထမ ၁၁ လအတွင်း ဆန်တန်ချိန် ၆၃၄၀၀၀ ကို တင်သွင်းခဲ့ကြောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် ပြည်တွင်းအထွက်နှုန်း ကောင်းနိုင်သဖြင့် ဆန်တင်သွင်းရန် မလိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီး Sadhan Chandra Majumder က ပြောကြားပါသည်။

Source: Reuters, 9 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)