ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇွန်လ(၁၄) ရက်နေ့ မှ ဇွန်လ(၂၀) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၄၀၀၀ ၊ အလုံးလတ် ကျပ် ၃၅၀၀၊ အလုံးသေး ကျပ် ၂၅၀၀၊ ပုပ္ပါးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀၊ အလုံးသေး ကျပ် ၃၀၀ ၊ ကျိုက်ကော်မှ နာနတ်သီး အလုံးကြီး ကျပ် ၁၈၀၀ ၊ အလုံးလတ် ကျပ် ၁၅၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ ၊ တိုက်ကြီးမှ သရက်သီး (စိန်တလုံး) အလုံးကြီး ကျပ် ၂၆၀၊ အလုံးလတ် ကျပ် ၂၀၀၊ အလုံးသေး ကျပ် ၁၅၀ ၊ မအူပင်မှ သရက်သီး (မချစ်စု) အလုံးကြီး ကျပ် ၇၀၀ ၊ အလုံးလတ် ကျပ် ၅၀၀ ၊ အလုံးသေး ကျပ် ၂၀၀ ၊ မအူပင်မှ သရက်သီး (ရင်ကွဲ) အလုံးကြီး ကျပ် ၂၅၀ ၊ အလုံးလတ် ကျပ် ၁၅၀၊ အလုံးသေး ကျပ် ၁၀၀ ၊ တိုက်ကြီးမှ ပိန္နဲသီး (ကိုင်းဆက်) အလုံးကြီး ကျပ် ၂၅၀၀၀ ၊ အလုံးလတ် ကျပ် ၂၀၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၀၊ ရေးမှ ဒူးရင်းသီး အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး တစ်ခြင်း အလုံးကြီး ကျပ် ၂၃၀၀၀ ၊အလုံးလတ် ကျပ် ၁၈၀၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀၀ ၊ ကလောမှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၃၅၀၀၀၊ အလုံးသေး ကျပ် ၂၅၀၀၀ ၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ အောင်ပန်း၊ နောင်ချိုမှ ရွှေလိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀၀၊ အလုံးသေး ကျပ် ၅၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။
DOCA(ရန်ကုန်)