တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် ရာသီပေါ် အသီးအနှံများ ရောင်းချလျက်ရှိရာ ပဲသီး (ခေါ်)ပဲတောင့်ရှည်သီး (၁၅)တောင့်ပါ အစည်းသေးတစ်စည်းလျှင် ၅၀၀ ကျပ်၊ အစည်းသေး (၅) စည်းပါ အထုံးကြီးတစ်ထုံးလျှင် ၂၀၀၀ ကျပ်နှင့် အတိုအရှည် မျှစည်းထားသော ပဲသီးတစ်ထုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။
ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးမှာ တစ်တောင့်လျှင် ၂၀၀ ကျပ်၊ ၁၀ တောင့်ပါ အစည်းတစ် စည်းလျှင် ၁၈၀၀ ကျပ်နှင့် အတိုအရှည် ၁၀ တောင့်ပါ အစည်းတစ်စည်းလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။
ခဝဲသီးမှာ အလုံး သုံးလုံးလေးလုံးပါသည့် အစည်းတစ်စည်းလျှင် ၂၀၀ ကျပ်နှင့် (၃)စည်း လျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ နောက်အပတ်များတွင် အသီးများလည်း လှိုင်လှိုင်ပေါ်လာမည်ဖြစ်သဖြင့် ဈေးနှုန်းကျဆင်းနိုင်ကြောင်း ညောင်ပင်လေးဈေးမှ ကုန်စိမ်းရောင်းချသူများ၏ ပြော ပြချက်အရ သိရပါသည်။
DOCA(ပဲခူး)