ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။
၂၀၂၃ခုနှစ်၊ ဇွန်လ၊ စတုတ္ထပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး (အကြွပ်)ရိုးရိုး (၁)လုံးလျှင် (၇၀၀ မှ ၁၀၀၀)ကျပ်၊ ပန်းသီး(အကြွပ်) ပိုက်စွပ်(၁)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်၊ စပျစ်သီး (အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၃၀၀၀ မှ ၃၅၀၀)ကျပ်၊ ဖီးကြမ်း ငှက်ပျောသီး(၁)ဖီးလျှင် (၁၀၀၀)ကျပ်၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၁၀၀၀ မှ ၁၂၀၀)ကျပ်၊ မြစ်ကြီး နားမှထွက်ရှိသော ခွန်စိမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀ မှ ၂၀၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်၊ မင်းကွတ်သီး (၁)လုံးလျှင် (၂၀၀ မှ ၂၅၀)ကျပ်၊ ပတ္တမြားငမောက်သ ရက်သီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ နာနတ်သီး (၁)လုံးလျှင် (၈၀၀)ကျပ်၊ လိမ္မော်သီး (၁)ပိဿာ လျှင် (၁၂၀၀၀)ကျပ် ၊ပိန္နဲသီး (၁)လုံးလျှင် (၃၀၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)