ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူမြို့နေပြည်သူများ အခြေခံစားကုန်များကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားကုန်များကို ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက အခြေခံလူတန်းစားများရှိရာရပ်ကွက်များသို့သွားရောက်၍ တိုက်ရိုက်ရောင်းချပေးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇွန်လ၂၂ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့၊ ညောင်ပင်ဈေးအနီးရှိ သုခလမ်းတွင် ရောင်းချပေးခဲ့ပါသည်။
ထိုနေ့တွင် ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် လူတစ်ဦးလျှင် နှစ်ပြည်နှုန်း၊ ဆီတစ်ပိဿာလျှင် ၆၆၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ကြက်သားတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးတစ်ပိဿာလျှင် ၅၈၀၀ကျပ်၊ ကြက်ဥ၁၀လုံးလျှင် ၂၅၀၀ကျပ်နှင့် ဘဲဥ၁၀လုံးလျှင် ၂၇၀၀ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိပါသည်။
အခြေခံစားသောက်ကုန်များရောင်းချရာနေရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်သော ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြောင်းနှင့် နေ့စဉ် ရောင်းချနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)