၂၀၂၃ခုနှစ် ဇွန်လ၊ နောက်ဆုံးအပတ်၌ စစ်တွေမြို့မဈေးအတွင်း အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်း ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် (၉၈၀၀၀) မှ ကျပ် (၁၀၀၀၀၀) အတွင်း၊ ဧည့်မထ (သီရိဒုံ) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၈၄၀၀၀) မှ ကျပ် (၈၆၀၀၀) အတွင်း၊ ငစိန်ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၇၀၀၀၀) မှ ကျပ် (၇၂၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၇၈၀၀၀) မှ ကျပ် (၈၀၀၀၀) အတွင်း၊ ကြက်သွန်နီ ၁၀ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၂၃၀၀၀) မှ ကျပ် (၂၄၀၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၇၅၀၀) မှ ကျပ် (၇၈၀၀) အတွင်း၊ ငရုတ်သီးခြောက် (အိန္ဒိယ) တစ်ပိဿာလျှင် ကျပ် (၁၅၅၀၀) မှ ကျပ် (၁၆၀၀၀) အတွင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၃၀၀) အတွင်း၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ် (၃၈၀၀) မှ ကျပ် (၄၀၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၄၅၀၀) မှ ကျပ် (၄၈၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၂၂၀၀) မှ ကျပ် (၂၅၀၀) အတွင်း၊ အာလူး (အောင်ပန်း) တစ်ပိဿာလျှင် ကျပ် (၃၅၀၀) မှ ကျပ် (၃၈၀၀) အတွင်း၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် (၅၈၀၀) မှ ကျပ် (၆၀၀၀) အတွင်း၊ ချဉ်ပေါင်တစ်စည်းလျှင် ကျပ် (၂၀၀) မှ ကျပ် (၂၅၀) အတွင်း၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ် (၂၅၀) မှ ကျပ် (၃၀၀) အတွင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် (၇၄၀၀) မှ ကျပ် (၇၆၀၀) အတွင်း၊ ဝက်သားတစ်ပိဿာလျှင် ကျပ် (၂၂၀၀၀) မှ ကျပ် (၂၄၀၀၀) အတွင်း၊ အမဲသားတစ်ပိဿာလျှင် ကျပ် (၂၄၀၀၀) မှ ကျပ် (၂၆၀၀၀) အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး မေလအတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းထက် ဇွန်လအတွင်း အခြေခံစားကုန်များမြင့်တက်လာရခြင်းမှာ မေလတွင်တိုက်ခက်ခဲ့သော မိုခါမုန်တိုင်းကြောင့် သီးနှံစိုက်ခင်းများပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါ၍ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်ကြောင်း ဈေးဆိုင်/ပွဲရုံများထံမှသိရပါသည်။
DOCA(ရခိုင်)