ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ဇွန်လ(၂၁)ရက်နေ့မှ ဇွန်လ(၂၇)ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၄၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၀၊ တိုက်ကြီးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၇၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၆၀၀၊ ကျိုက်ကော်မှ မင်းကွတ်သီးအလုံးကြီးတစ်ခြင်းလျှင် ကျပ်၂၅၀၀၀၊ တိုက်ကြီးမှ သရက်သီး (စိန်တလုံး) အလုံးကြီးတစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၇၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၆၀၀၊ မန္တလေးမှ သရက်သီး (ရင်ကွဲ) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၊ တိုက်ကြီးမှ ပိန္နဲသီး (ကိုင်းဆက်) အလုံးကြီးတစ်လုံးလျှင် ကျပ်၁၅၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၀၊ တိုက်ကြီးမှ ပိန္နဲသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၄၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးအလုံးကြီးတစ်ခြင်းလျှင် ကျပ်၂၃၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၈၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၀၊ ရေးမှ ဒူးရင်းသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၇၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၅၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၄၀၀၀၊ ကလောမှ ပန်းသီးအလုံးကြီးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၃၅၀၀၀၊ အလုံးသေးတစ်ပုံးလျှင် ကျပ်၂၆၀၀၀၊ အောင်ပန်း၊ နောင်ချိုမှ ရွှေလိမ္မော်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ်၈၀၀၀၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်၆၀၀၀ဈေးနှုန်းတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။
DOCA(ရန်ကုန်)