![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5.9.jpg?itok=XQ3u01jw)
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇွန်လ (လကုန်ပတ်) တွင် စပါး/ဆန် ဈေးနှုန်းများမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ (လကုန်ပတ်)တွင် ရန်ကုန်သို့ အိတ်ရေ(၁၄၀၀၀)အိတ်၊ မန္တလေးသို့ အိတ်ရေ(၂၀၃၇၀)အိတ်၊ နေပြည် တော်သို့ အိတ်ရေ (၆၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ(၄၀၀၀)အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၄၀၀၀)အိတ်၊ ပခုက္ကူသို့ အိတ်ရေ (၃၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၄၈၄၀၀)အိတ်၊ တန်အားဖြင့် (၂၄၂၀) တန် စီးထွက်ခဲ့ပါသည်။ ယခင်ဇွန်လ (တတိယပတ်)တွင် ရန်ကုန်သို့ အိတ်ရေ(၁၇၀၀၀)အိတ်၊ မန္တလေးသို့ အိတ်ရေ(၂၁၃၇၀)အိတ်၊ နေပြည်တော်သို့ အိတ်ရေ (၈၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ(၅၀၀၀)အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၅၀၀၀)အိတ်၊ ပခုက္ကူသို့ အိတ်ရေ (၃၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၅၆၄၀၀)အိတ်၊ တန်အားဖြင့် (၂၈၂၀) တန်တန်စီးထွက်ခဲ့သည့်အတွက် ဇွန်လ (တတိယပတ်)နှင့် နှိုင်းယှဉ်လျှင် ဇွန်လ (လကုန်ပတ်)အတွင်း အိတ်ရေ (၈၀၀၀)အိတ်၊ တန်အားဖြင့် (၄၀၀) တန် လျော့၍ စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ ဇွန်လ(လချုပ်)တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါး တင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-)ကျပ်ရှိပြီး ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ (၁)အိတ်လျှင် (၉၆၀၀ဝိ/-) ကျပ်၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် (၂၄၀၀၀၀ဝိ/-)ကျပ်၊ ဧရာမင်းဆန် ၂၄ပြည်ပါ (၁)အိတ်လျှင် (၉၆၀၀ဝိ/)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)