Main menu

ရွှေဘိုခရိုင်၏ ပဲတီစိမ်းစိုက်ပျိုးထွက်ရှိမှုနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် စပါးသီးနှံများကို အဓိကစိုက်ပျိုးပြီး ဆည်ရေပေးဝေနိုင်မှုပေါ်မူတည်၍ နွေသီးနှံများကိုလည်းစိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ပဲတီစိမ်း(မိုးကြို) ခရိုင်ချုပ် (၃၀၅၈၀)ဧကစိုက်ပျိုးပြီး ရွှေဘိုမြို့နယ်တွင်(၁၀၀၂၂)၊ ဝက်လက်မြို့နယ်တွင်(၁၅၉)ဧက၊ ခင်ဦးမြို့နယ်တွင် (၂၀၃၉၉)ဧကစိုက်ပျိုးကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ (၁၅)တင်းခန့်ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ် ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ဇွန်လ(လကုန်ပတ်)အတွင်း အရောင်း အဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ပဲတီစိမ်းမှာ ဧပြီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇွန်လ(လကုန်ပတ်)ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ဇွန်လ(လကုန်ပတ်)တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင်(၅၄၀၀ဝိ/-)ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀၀)တင်း/ (၉၈)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲတီစိမ်းတစ်တင်းလျှင်(၄၄၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုနစ်တွင် ယခင်နှစ်ထက် ပဲတီစိမ်းတစ်တင်းလျှင်(၁၀၀၀ဝိ/-)ဈေးပိုခဲ့ကြောင်း၊ ဇွန်လ၊ စတုတ္ထပတ်နှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက စတုတ္ထပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၅၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ သဖြင့် လကုန်ပတ်တွင် စတုတ္ထပတ်အောက် ပဲတီစိမ်းတစ်တင်းလျှင်(၂၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)