Main menu

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

Powered by Drupal

      မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်၂၀၂၂ခုနှစ် ကာလတူဈေးထက် ယခု၂၀၂၃ခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၃၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၃၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၃၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၅၀၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၆၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၄၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၁၆၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲကျော် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းခွဲကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၄၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၈၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ငါးထောင် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၄၃၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၉၀၀၀၊ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၄၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၈၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော်မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ (နောက်ဆုံး)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ (နောက်ဆုံး)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၂၂၃၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ (နောက်ဆုံး)ပတ်တွင် တစ်တင်းလျှင် ကျပ် ၉၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းကျော်မှ ခြောက်သောင်းကျော်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)