
ပြင်ဦးလွင်မြို့သည် ကမ္ဘာလှည့်ခရီးသွားများသာမက ပြည်တွင်းခရီးသွားများလည်းစိတ်ဝင်စားမှုရှိသည့်တောင်ပေါ်မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ထောပတ်သီးနှံဒေသတွင်းစိုက်ပျိုးမှုနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ စိုက်ပျိုးရေးကိုစိတ်ဝင်စားသူများမှ မြေဧကများဝယ်ယူပြီး နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ထောပတ်သီးနှံအား စိုက်ပျိုး၍ ရင်းနှီးမြုပ်နှံလာကြပါသည်။ပြင်ဦးလွင်မြို့မှ လက်ရှိထောပတ်သီးစိုက်ဧကအနေဖြင့် (၃၀၉)ဧကရှိကြောင်း သက်ဆိုင်ရာဌာနများမှသိရှိရပြီး စိုက်ဧကများအမှန်ရရှိရေးအား ထောပတ်သီးအစုအဖွဲ့၊ သက်ဆိုင်ရာဌာနများဖြင့် ထောပတ်စိုက်ဧကများစာရင်းပြုစု အတည်တကျကောက်ယူရရှိရေး စီမံဆောင်ရွက်လျက်ရှိပြီး ထောပတ်စိုက်ဧက (၆၀၀)ကျော်ရှိနိုင်ကြောင်း သိရှိရပါသည်။
ပြင်ဦးလွင်မြို့တွင် ယခုချိန်၌ ထောပတ်သီးများစတင်ထွက်ရှိခြင်းမရှိဘဲ သြဂုတ်လတွင် စတင်ထွက်ရှိမည်ဖြစ်ပြီး ယခင်နှစ်စျေးနှုန်းအနေဖြင့် Hass 1Kg လျှင် (နိမ့်) ၃၅၀၀/- ကျပ် ၊ (အမြင့်) ၆၀၀၀/-ကျပ် ၊ Pinkerton 1Kg လျှင် (နိမ့်) ၃၀၀၀/- ကျပ် ၊ (အမြင့်) ၅၀၀၀/-ကျပ် ၊ Buccaneer 1Kg (၃၀၀၀-၅၀၀၀)ကျပ်၊မြောက်ကျွန်းသူ1Kg (၃၀၀၀-၅၀၀၀)ကျပ်၊ဒေသသီးတစ်လုံးလျှင်(၂၀၀-၅၀၀)ကျပ်ရရှိကြောင်း၊ ပြည်ပသို့(ထိုင်း၊မလေးရှား၊စင်္ကာပူ)သို့ စမ်းသပ်တင်ပို့နေကြောင်းနှင့် စိုက်ပျိုးရေး၌ စိတ်ပါဝင်စားသူမည်သူမဆို ထောပတ်သီးနှံစိုက်ပျိုးလိုလျှင် တာဝန်ယူစိုက်ပျိုးပေးနေကြောင်းလည်း ပြင်ဦးလွင်ထောပတ်သီးအစုအဖွဲ့မှ သိရှိရပါသည်။
DOCA(မန္တလေး)