မန္တလေးတိုင်းဒေသကြီးတွင် နှစ်ရှည်ကော်ဖီသီးနှံကို ပြင်ဦးလွင်၊ မိုးကုတ်ဒေသတို့မှာ စိုက်ပျိုးလျက်ရှိပါသည်။ ကော်ဖီတွင် မြေနိမ့်ကော်ဖီနှင့် ကုန်းမြင့်ကော်ဖီဟူ၍ စိုက်ပျိုးကြပြီး ပြင်ဦးလွင်ဒေသ၌ ကုန်မြင့်ကော်ဖီဖြစ်သော Arabica(အားရေးဗီးကား) ကော်ဖီသာ စိုက်ပျိုးကြပါသည်။စိုက်ဧကများအနေဖြင့် ပြင်ဦးလွင်(၁၀၂၄၅)ဧက၊ မိုးကုတ်(၄၇၀)ဧက ၊စုစုပေါင်း(၁၀၇၁၅)ဧကရှိကြောင်း၊ တစ်ဧက အထွက်နှုန်းအနေဖြင့် အသီးစိုတန်(၁၅၆)တန်ကျော်ထွက်ရှိပြီး ပြင်ဦးလွင်အနေဖြင့် ယခင်နှစ်ထက် စိုက်ဧက(၄၈၀၀)ဧကကျော် ပိုမိုစိုက်ပျိုးနိုင်ကြောင်းလည်း သိရှိရပါသည်။ ကော်ဖီသီးနှံတွင် တစ်ဧက စိုက်ပျိုးစရိတ်အနေဖြင့် (၂၅-၃၀)သိန်းဝန်းကျင် ကုန်ကြကြောင်း ၊ ကော်ဖီဈေးကွက်တွင်လည်း ကော်ဖီစေ့ အရည်အသွေးကောင်းပါက ကော်ဖီစေ့ Export (၁)တန်လျှင် (၁၅၀-၁၆၀)သိန်း၊ အရည်အသွေးနိမ့်ပါက ကော်ဖီစေ့(၁)တန်လျှင် (၇၀-၈၀)သိန်းရရှိကြောင်း ၊ပြည်ပတင်ပို့မှုအနေဖြင့် အင်္ဂလန်၊အမေရိကန်၊ဂျပန်နှင့် သြစတေးလျနိုင်ငံများသို့ အဓိကတင်ပို့ကြောင်း၊ ယခုနှစ်ပိုင်းတွင် 2 in 1, 3 in 1 value Added လုပ်ငန်းရှင်များမှလည်း အရည်အသွေးကောင်း ကော်ဖီစေ့ကိုသာဝယ်ယူ ထုတ်လုပ်လာခြင်းများကြောင့် ပြည်တွင်း ၊ ပြည်ပ ဈေးနှုန်းကွာဟမှုကြီးကြီးမားမားမရှိကြောင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ အသိုင်းအဝိုင်းမှ သိရှိရပါသည်။
DOCA(မန္တလေး)