Main menu

ပေါင်းတည်မြို့နယ်၊ စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စည်ပင်သာယာဈေးအတွင်း ၂၀၂၃ခုနှစ်၊ ဇွန်လ၊ စတုတ္ထအပတ်တွင် ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်လက်လီဈေးနှုန်းများမှာ တောင်ပျံမွေးဆန်တစ်ပြည်လျှင် (၄၀၀၀) ကျပ်၊ ငွေတိုးဆန်တစ်ပြည်လျှင် (၃၂၀၀) ကျပ်၊ အင်းမဆန်တစ်ပြည်လျှင် (၃၂၀၀) ကျပ်၊ ပခမ်းဆန်တစ်ပြည်လျှင် (၃၂၀၀) ကျပ်နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

      စားသုံးဆီများဖြစ်သော  နှမ်းဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ စားဖိုဆောင်သုံးသီးနှံများဖြစ်သော ကြက်သွန်နီ (ကြီး၊ လတ်၊ သေး) တစ်ပိဿာလျှင် (၂၃၀၀-၂၁၀၀-၁၉၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ ငရုတ်ခြောက်ရှည်တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၈၀၀) ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၈၀၀) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

     အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် (၁၃၀၀) ကျပ်၊ (ဗမာ) ကြက်တစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၈၀-၃၀၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၂၀-၃၅၀) ကျပ်တို့ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)