Main menu

ရွှေတောင်မြို့ ဘူးသီး

Powered by Drupal

   ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် (၃-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဝါးတောင်အုပ်စု၊ ဝါးလည်ကျေးရွာသို့သွားရောက်ခဲ့ပါသည်။ ဝါးလည်ကျေးရွာတွင် ဘူးစင်ပေါင်း (၂၀) ကျော်ရှိပြီး စိုက်ပျိုးသူ တောင်သူ (၂၀) ဦးရှိသည်ဟုသိရှိရပါသဖြင့် ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည် ။

   ထိုသို့သွားရောက်ရာတွင် ဘူးသီးစိုက်ပျိုးသူတောင်သူနှင့်တွေ့ဆုံ၍ မေးမြန်းရာ စိုက်ပျိုးသောမျိုးမှာ မလက်တိုမျိုးဖြစ်ပြီး တန်ခူးလဆန်းတွင် စတင်စိုက်ပျိုးကြောင်းသိရှိရပါသည်။ ယခုဝါဆိုလဆန်းတွင် စတင်ထွက်ပေါ်၍ ရောင်းချနေပြီဖြစ်ကြောင်းသိရပါသည်။ ဘူးသီးစင်တစ်စင်လျှင် ဘူးသီးအလုံးရေ (၁၆၀၀) လုံးအထိ အနည်းဆုံးခူးဆွတ်ရသည်ဟုသိရှိရပါသည်။ ဘူးသီးခူးဆွတ်ရာတွင် (၃) ရက်လျှင် တစ်ကြိမ်းခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် အလုံးရေ (၈၀) မှ (၁၀၀)အထိခူးဆွတ်ရကြောင်းသိရပါသည်။ ဘူးသီးကို တစ်လလျှင် (၁၀) ကြိမ်အနည်းဆုံးခူးရပြီး ခူးဆွတ်ချိန် (၂) လခန့်ကြာမြင့်သဖြင့် စုစုပေါင်းအကြိမ်ရေ (၂၀) ခန့်ခူးဆွတ်ရကြောင်းသိရပါသည်။ ဘူးသီးရောင်းဈေးအနေဖြင့် ခြံဈေးမှာ တစ်လုံးလျှင် (၃၀၀) ကျပ်ဖြင့်ရောင်းချရသဖြင့် ဝင်ငွေရရှိမှုမှာ (၄၈၀၀၀၀) ကျပ်အထိရရှိကြောင်းသိရပါသည်။ ဘူးစင်တစ်စင်ကုန်ကျစရိတ်မှာ ဘူးစင်အပါအဝင် ကျပ် (၂) သိန်းခန့်ကုန်ကျသဖြင့် အကျိုးအမြတ်မှာ ကျပ် (၃) သိန်းနီးပါးခန့်ရရှိသည်ဟုသိရပါသည်။

 ထို့ကြောင့် ဘူးပင်စိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းပြီး ကရိကထလည်းမများဘဲ ခူးဆွတ်ရောင်းချရသောကြောင့် စိုက်ပျိုးသင့်သောဟင်းသီးဟင်းရွက်ပင်ဖြစ်ပါသည်။ ဘူးသီးပင်ကို မိုးရာသီတွင်စိုက်ပျိုးပြီး အမြတ်အစွန်းရရှိ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်မည်ဆိုပါက ဝင်ငွေများရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)