တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) မှာ တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိ၊ ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) များမှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားအော်သီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိဈေးနှုန်းတို့ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။
ခရမ်းသီး (အဖြူ) မှာ တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ခရမ်းသီး (အညို) မှာ တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်၊ ဂေါ်ဖီထုပ်မှာ တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၈၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
ဒေသသခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၇၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။
ခရမ်းချဉ်သီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၁၀၀ကျပ်မှ ၁၃၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး နံနံပင်မှာ ယခင်အပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၆၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းဆက်လက်ကျဆင်းလာခဲ့ပါသည်။
ပြောင်းဖူးအကြီးတစ်ဖူးလျှင် ၂၅၀ကျပ်မှ ၃၀၀ကျပ်အထိ၊ ပြောင်းဖူးအသေးတစ်ဖူးလျှင် ၁၅၀ကျပ်မှ ၂၀၀ကျပ်အထိ၊ မုံလာဥဖြူမှာ တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်အထိနှင့် မုန်ညင်းဖြူမှာ တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၇၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မုန်လာဥနီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။
ကန်စွန်းရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၆၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ကင်ပွန်းချဉ်ရွက်မှာ တစ်စီးလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၈၀၀ကျပ်ဈေးနှုန်းတို့ရှိကြောင်း သိရှိရ၀ပါသည်။
DOCA(ပဲခူး)