ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့မှ တစ်ဆင့် တရုတ်နယ်စပ်မိုင်းလားသို့ ဇွန်လဒုတိယအပတ်တွင် ရှမ်းကမ္ဘာသစ်ကုမ္ပဏီမှ တစ်သျှူးငှက်ပျော (၆)တန်ကို မြန်မာငွေကျပ်သန်း ပေါင်း (၂.၈၀၈)ဖြင့်လည်းကောင်း၊ ရွှေနမ့်ပန်ကုမ္ပဏီမှ ဝဉခြောက် ၃၂တန်ကို မြန်ငွေကျပ်သန်းပေါင်း (၇၇.၃၂၀) ဖြင့်လည်းကောင်း၊ ယူနစ်ကုမ္ပဏီမှ ရော်ဘာ ၄၀ တန်ကို မြန်မာငွေကျပ်သန်းပေါင်း (၁၅၈.၅၆)ဖြင့် စုစုပေါင်း တစ်ပတ်အတွင်း ပို့ကုန်တင်ပို့မှုပမာဏမှာ မြန်မာငွေကျပ်သန်းပေါင်း (၂၃၈.၆၈၈)နှင့် သွင်းကုန်မရှိပါကြောင်းသိရှိရပါသည်။
၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဇွန်လပထမအပတ်နှင့် နှိုင်းယှဉ်ပါက တစ်သျှူးငှက်ပျောတင်ပို့မှုမှာ (၁၂)တန်လျော့ကျခဲ့ပြီး ရော်ဘာ (၄၀)တန်နှင့် ဝဉခြောက် (၃၂)တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း နယ်စပ်စခန်းများမှ သတင်းရရှိပါသည်။
ရှမ်းပြည်နယ်(DOCA)