တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ဇွန်လ(ဒုတိယပတ်)အတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထ(မိုး)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၇၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်၊ ဧည့်မထ(နွေ)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျပါသည်။
မိုးစပါးမှာ ယခင်အပတ်က တင်း ၁၀၀ လျှင် ၂၂၀၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်၊ နွေစပါးမှာ ယခင်အပတ်က တင်း ၁၀၀ လျှင် ၁၇၅၀၀၀၀ ကျပ်မှ ယခုအပတ်တွင် တင်း ၁၀၀ လျှင် ၁၅၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပါသည်။
ဆန်ကွဲကြီး တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဆန်ကွဲသေး ယခင်အပတ်က တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်မှ ယခုအပတ်တွင် ၃၂၀၀၀ ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် ယခင်အပတ်က ၂၇၀၀၀ ကျပ်မှ ယခုအပတ်တွင် ၂၆၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။
မတ်ပဲ(၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ယခင်အပတ်က ၁၁၅၅၀၀ ကျပ်ရှိရာမှ ယခု အပတ်တွင် တစ်အိတ်လျှင် ၁၁၈၀၀၀ ကျပ်၊ ပဲလွန်းဖြူ(၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။ ပဲတီစိမ်းမှာ ယခုအပတ်တွင်လည်း အရောင်းအဝယ်မရှိကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှ သိရပါသည်။
DOCA(ပဲခူး)