Main menu

ဖြူးမြို့တွင် အခြေခံစားသောက်ကုန်များအား ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများမှ တိုက်ရိုက် ရောင်းချ

Powered by Drupal

   ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကို ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ၊ ဘဲဥ ၊သားငါးများနှင့် ဟင်းသီးဟင်း ရွက်များကို ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက ၂၀၂၃ခုနှစ်၊ဇွန်လ ၂၁ ရက်နေ့မှစ၍ ဖြူးမြို့၊ မြို့မဈေးကြီးအနီးရှိ စားသုံးသူရေးရာဦးစီးဌာန ရုံးရှေ့တွင် ဆိုင်ခန်းများဖွင့်လှစ်၍ တိုက်ရိုက် ရောင်းချပေးလျက်ရှိပါသည်။

      ဖြူးမြို့နယ် ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များက ဝန်ကြီးဧရာဆန် တစ်ပြည်လျှင် ၂၆၀၀ ကျပ်၊ နှံကောက်ဆန် တစ်ပြည်လျှင် ၂၄၀၀ ကျပ်၊ မွေးမြူရေးလုပ်ငန်းရှင်များက အမဲသား တစ်ဆယ်ကျပ်သားလျှင် ၁၀၀၀ ကျပ်၊ ဆိတ်သား ၁၀ ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ ဝက်သား ၁၀ ကျပ်သားလျှင် ၁၃၀၀ ကျပ်၊ ငါးအကောင်အကြီးအသေးပေါ်မူတည်၍ ၁၀ ကျပ်သား လျှင် ၅၀၀ ကျပ်၊ ၆၀၀ ကျပ်၊ ကြက်ဥ အလုံး အသေး၊ အကြီးပေါ်မူတည်၍ ၁၀ လုံးလျှင် ၂၄၀ ကျပ်၊ ၂၅၀ ကျပ် ဖြင့်ရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပါသည်။

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကြီးကြပ်၍ ကူညီဆောင်ရွက်ပေးကြောင်းနှင့် စဉ်ဆက်မပြတ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)