Main menu

ပြည်မြို့ ဆင်မြီးဆွဲပြောင်း

Powered by Drupal

     ပြည်ခရိုင်တွင် မိုးစိုက်ပြောင်းနှင့် ဆောင်းစိုက်ပြောင်းဟူ၍ စိုက်ပျိုးကြပါသည်။ မိုးစိုက်ပြောင်းဖူးကို မိုးရာသီဖြစ်သော မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးကြပြီး စိုက်ဧကမှာ (၁၂၈၀)ဧက ရှိပါသည်။ ပန်းတောင်းမြို့နယ်တွင် အများဆုံးစိုက်ပျိုးပြီး စိုက်ဧကမှာ (၈၆၇)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ မိုးစိုက်ပြောင်းဖူးကို စိုက်ပျိုးပြီး (၃)လအကြာတွင် ပြောင်းဖူးများ ခူးယူပြီး ရောင်းချနိုင်ပါသည်။ တစ်ဧကလျှင် ပြောင်းဖူးအပင်ရေ (၂၉၀၄၀)ဝင်ဆံ့ပြီး တစ်ပင်လျှင် တစ်ဖူးသာ ထွက်ရှိ၍ မြေကောင်းလျှင် (၂)ဖူးထွက်ရှိသည်ဟု သိရပါသည်။ ပြည်မြို့နယ်တွင် ပြောင်းစေးများကို အများဆုံး စိုက်ပျိုးပြီး ပြောင်းဝါကို အနည်းငယ်သာ စိုက်ပျိုးကြောင်းသိရပါသည်။ ယခုအချိန် မိုးရာသီကာလတွင် ဆင်မြီးဆွဲဒေသမှထွက်ရှိသော ဆင်မြီးဆွဲပြောင်းများကို ရန်ကုန်-ပြည်အနှေးရထား စိုက်ချိန်တွင် ပြည်မြို့သို့ ပြောင်းဖူးပြုတ်များကို အရွက်သည်များဖြင့် လမ်းလျှောက်၍ တစ်လမ်းဝင် တစ်လမ်းထွက် ရောင်းချကြသလို အထိုင်ချ၍လည်း ရောင်းချကြပါသည်။ ဆင်မြီးဆွဲပြောင်းမှာ ပြောင်းစေးအမျိုးအစားဖြစ်ပြီး တစ်ဖူးလျှင် (၃၀၀)ကျပ်ဖြင့် လှည့်လည် ရောင်းချကြောင်း သိရပါ သည်။ ဆင်မြီးဆွဲဘက်မှ လာရောက်ရောင်းချသော ပြောင်းဖူးပြုတ် သည်များတွင် ကောက်ညှင်းထုပ်များ၊ မုန့်ကြာခွက်များဖြင့် ပြည်မြို့သို့ လာရောက်ရောင်းချကြ၍ ဈေးသည်များအနေဖြင့်လည်း တွက်ခြေကိုက်သလို ဝယ်ယူစားသုံးသူများအနေဖြင့်လည်း သက်သာစွာ စားသုံးနိုင်ကြပါသည်။

    ပြည်မြို့နယ်၊ ဆင်မြီးဆွဲဘက်မှလာသော ဆင်မြီးဆွဲပြောင်းသည် နာမည်လည်းရ၊ အရသာလည်း ကောင်းမွန်သဖြင့် ဝယ်ယူစားသုံးကြကာ ပြောင်းစိုက်တောင်သူများအနေဖြင့်လည်း ဝင်ငွေရပြီး အမြတ်အစွန်းများ ရရှိနိုင်မှာဖြစ်ပါသည်။ ပြောင်းဖူးကို ရေလောင်း၍ စိုက်ပျိုးနိုင်ပါက နှစ်လုံး ပေါက် ပြောင်းဖူးများထွက်ရှိပြီး နှစ်ပတ်လည် ဝင်ငွေများရရှိနိုင်မှာဖြစ်ပါသည်။

DOCA(ပဲခူး)