Main menu

ကရင်ပြည်နယ်၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာ

Powered by Drupal

 ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)၊ စံပြရေပေါ်ဈေးတွင်ရောင်းချနေသည့်  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်၌ အခြေခံစားကုန်ဈေးနှုန်းများမှာ ဧည့်မထ(ဆန်)တစ်ပြည်လျှင် (၂၇၀၀) ကျပ်၊ တစ်အိတ်လျှင် (၆၄၅၀၀) ကျပ်၊ ပေါ်ဆန်း(ဆန်)တစ်ပြည်လျှင် (၄၀၀၀) ကျပ်၊ တစ်အိတ်လျှင် (၉၁၀၀၀) ကျပ်၊ ဆန်ကွဲတစ်ပြည်လျှင် (၂၀၀၀) ကျပ်နှင့် တစ်အိတ်လျှင် (၄၇၅၀၀) ကျပ်တို့ဖြစ်ပြီး ဆန်ဈေးနှုန်းများမှ ယခင်လထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိသည်။

   စားအုန်းဆီတစ်ပိဿာလျှင် (၇၃၀၀) ကျပ်၊ ပဲဆီ(ရိုးရိုး)တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ပဲဆီ(ရှယ်)တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ တစ်အိတ်လျှင် (၆၉၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)  တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၇၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ မန်ကျည်းမှည့်တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ငရုတ်သီးခြောက်ရှည်တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ နနွင်းတက်တစ်ပိဿာလျှင် (၅၅၀၀) ကျပ်နှင့် သကြားတစ်ပိဿာလျှင် (၃၅၀၀) ကျပ်တို့ဖြင့်ရောင်းချနေပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရပါသည်။

  အသားငါးဈေးများမှာ မွေးမြူရေးကြက်တစ်ပိဿာလျှင် (၁၀၅၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၃၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ပုစွန်(ဘော့ချိတ်)တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊  ငါးကြင်းတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးခူ(မွေးမြူရေး)တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၆၀) ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၄၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိသည်။

  ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စည်းလျှင် (၂၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၁၅၀၀) ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ပဲတောင့်ရှည်သီးတစ်စည်းလျှင် (၅၀၀) ကျပ်တို့ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသခံရောင်းဝယ်ဖောက်ကားနေသည့် အရောင်းဆိုင်မှသိရှိရပါသည်။

DOCA(ကရင်)