Main menu

ကုက္ကိုလ်အကြောင်းနှင့်ကုက္ကိုလ်စေ့လှော်ဈေးနှုန်း

Powered by Drupal

      ကုက္ကိုလ်ပင်သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပါသည်။ အမြဲစိမ်းပင်တစ်မျိုးလည်းဖြစ်ပြီး အပင်ကြီးမျိုးဖြစ်၍ နွေရာသီတွင်အရိပ်ကောင်းကောင်းပေးနိုင်သော အရိပ်ရပင်လည်း ဖြစ်ပါသည်။ ကုက္ကိုလ်ပင်သည် အာဖရိက၊ အာရှ၊ မက်ဒါဂါစကာ၊ အမေရိကနှင့် ဩစတေးလျတို့တွင် ပေါက်ရောက်သည့် မျိုးရင်းပင်တစ်မျိုးလည်းဖြစ်ပါသည်။ အပင်သည် အရွက်စိမ်းစိမ်းစိုစို၊ အညိုရင့်ရင့်အသီးရှည်ရှည်လေးများသီးပြီး ပန်းရောင်နှင့် အဖြူရောင်စပ် ပန်းပွင့်လေးများ ပွင့်ပါသည်။

      ကုက္ကိုလ်ပင်သည် အရိပ်ရရုံသာမက အရွက်သည်လည်း လူသားများအတွက် အကျိုးဖြစ်စေပါသည်။ အရွက်သည် ကိုယ်တွင်းဟော်မုန်းတွေကို ထိန်းညှိပေးနိုင်တာကြောင့် စိတ်ဓါတ်ကျဆင်းခြင်းကို သက်သာစေပါသည်။ အာရုံကြောနှင့် စိတ်ခံစားမှုတွေကို တည်ငြိမ်အေးချမ်းစေသောကြောင့် ညဘက်အိပ်ပျော်စေရန် အထောက်အပံ့ရရှိပါသည်။ ဓါတ်မတည့်မှုကို သက်သာစေနိုင်ခြင်း၊ ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိခြင်း၊ အရေပြားကျန်းမာစေနိုင်ခြင်း၊ အစာကြေစေနိုင်ခြင်း၊ သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်ခြင်းနှင့် အရိုးအဆစ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်ကြောင်း လေ့လာသိရှိရပါသည်။

   ထို့ပြင် အင်းဆက်ကိုက်ခံရခြင်းကို သက်သာစေနိုင်ခြင်း၊ သွေးတိတ်စေခြင်း၊ လည်ချောင်းနာခြင်းကို သက်သာစေနိုင်ခြင်း၊ အသီးများမှည့်စေခြင်း၊ အရေပြားပြဿနာကင်းစေနိုင်ခြင်းနှင့် စိတ်ခံစားမှုကို ကောင်းစေနိုင်ကြောင်းလည်း သိရှိရပါသည်။

    ထိုကဲ့သို့ အကျိုးအာနိသင်များစွာရှိသော ကုက္ကိုလ်ပင်အသီးမှ အစေ့များကို လှော်၍ ပြည် Online ဈေးကွက်တွင်  တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ နို့ဆီဘူး တစ်ဘူးလျှင် ၇၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)