Main menu

ပြည်ဘိုကိတ် အခြားပဲများနှင့်ယှဉ်လျှင် ဈေးအေးခဲ့သော်လည်း ယခင်နှစ်ထက် ဈေးကောင်းပိုရနေ

Powered by Drupal

    ပြည်ပဲဈေးကွက်မှာ ပဲသစ်ဝင်ရောက်ခြင်းမရှိဘဲ လက်ကျန်ပဲများဖြင့်သာ ရောင်းဝယ်နေကြသော ပဲသီးနှံအနက် ဘိုကိတ်ပဲသီးနှံလည်း ပါဝင်နေပြီး လက်ကားရောင်းဝယ်မှုအပြင် လက်လီသမားများကလည်း နေ့စဉ်အဝယ် ရှိကြောင်း သိရပါသည်။ လက်ကားရောင်းဝယ်မှုအနေဖြင့် တစ်ရက် အိတ် ၅၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ လက်လီရောင်းဝယ်မှုမှာ တစ်ရက် အိတ် ၂၀ ကျော်သာ ရောင်းချမှုရှိခဲ့ကြောင်း၊ ဘိုကိတ်ပဲသီးနှံဈေးမှာ တစ်တင်း ၆၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြရ၍ အခြားပဲများနှင့်ယှဉ်လျှင် ဈေးအေးနေသော်လည်း ယခင်နှစ်နှင့် ယှဉ်သည့်အခါ တစ်တင်း ကျပ် ၂သောင်းကျော် မြင့်တက်လာခဲ့ပါသည်။ ယခင်နှစ်က ဇွန်လအတွင်း ဘိုကိတ်ပဲသီးနှံမှာ တစ်တင်း ၃၅၅၀၀ ကျပ်ရရှိခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)