စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တာဝန်ခံသည် (၄-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူပူးပေါင်း၍ မြို့သစ်မြို့၊ မြို့မစျေးအတွင်းရှိ စားသောက်ကုန်နှင့် မုန့်မျိုးစုံရောင်းချနေသောဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီးနောက် အသိပညာပေးမှုများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က ဈေးသည်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ဆိုင်တင်ရောင်းချကြရန်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးရန်မသင့်တားမြစ်ထားသော စားသောက်ကုန်များကို ဖြန့်ဖြူးရောင်းချခြင်းမပြုကြရန်ဖြစ်ကြောင်းနှင့် စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(မကွေး)