Main menu

ဩစတြေးလျနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့၏ ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်းများ

Powered by Drupal

ဩစတြေးလျနိုင်ငံသတင်း
စကော့တလန် အစားအသောက်ကဏ္ဍက ဩစတြေးလျ ကုန်သွယ်ရေးသဘောတူညီချက်အပေါ် ဝေဖန် ပြောကြားသည့်သတင်း
စကော့တလန် အစားအသောက်ထုတ်လုပ်သူများသည် ဩစတြေးလျကုန်သွယ်ရေး သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုနှင့်စပ်လျဉ်း၍ UK ကုန်သွယ်ရေးအတွင်းဝန်ထံသို့ သတိပေးစာ ပေးပို့ခဲ့ရာ၌ ကုမ္ပဏီ(၁၄)ခုနှင့် ကုန်သွယ်ရေးအသင်းအဖွဲ့များက ဩစတြေးလျနှင့် ဆွေးနွေးညှိနှိုင်းလျှက်ရှိသည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်အပေါ် စိုးရိမ်မှုများရှိနေကြောင်း၊ လယ်ယာစိုက်ပျိုးမွေးမြူ‌ရေး၊ ငါးဖမ်းခြင်းနှင့် ပြုပြင်ထုတ်လုပ်သည့် အဓိကအသင်းအဖွဲ့များက အစိုးရအဖွဲ့နှင့် လုပ်ငန်းကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း၊ EU မှ ထွက်ခွာလာခြင်းကြောင့် ကုမ္ပဏီများသည် ခရစ်စမတ်ကာလတွင် ကုန်သွယ်ရေးသဘောတူညီမှုကို ထိခိုက်စေပြီး ကုန်ကျစရိတ်ကြီးမားသည့် အကျိုးဆက်များကို ရင်ဆိုင်ကြုံတွေ့ရသည်ဖြစ်ရာ ဩစတြေးလျနှင့်အခြား လယ်ယာထွက်ကုန်အဓိကတင်ပို့သူများနှင့် သဘောတူညီမှုအသစ်များကို အလျင်စလိုပြုလုပ်ခြင်းဖြင့် ကုန်ကျစရိတ်ကြီးမားသည့် အကျိုးဆက်များကို ထပ်မံရင်ဆိုင်ကြုံတွေ့နိုင်သည်ဟု ဖော်ပြထားကြောင်း၊ UK ကုန်သွယ်ရေးအတွင်းဝန်က ဗြိတိသျှလယ်သမားများအနေဖြင့် ကြောက်ရွံ့နေရန် မလိုပဲ ဩစတြေးလျနှင့်ကုန်သွယ်ရေးသဘောတူစာချုပ်မှ အမြတ်အစွန်းများစွာ ရရှိနိုင်မည်ဟု အခိုင်အမာပြောကြားခဲ့ကြောင်း၊ ကုန်သွယ်ရေးသဘောတူညီချက်အသစ်များသည် အီးယူ ပြင်ပသို့ တင်ပို့ရောင်းချနိုင်မည့် အခွင့်အလမ်းများရရှိနိုင်ရန် လမ်းဖွင့်ပေးထားကြောင်း၊ စကော့တလန်နိုင်ငံ အမျိုးသားလယ်သမားများသမဂ္ဂ/ပင်လယ်စာအသင်း/အစားအသောက်အဖွဲ့တို့ ပါဝင်လက်မှတ်ရေး ထိုးထားသည့်စာ၌ အီးယူပြင်ပနိုင်ငံများနှင့်အခွင့်အလမ်းသစ်များဖန်တီးရန် UK အစိုးရ၏ လျင်မြန်စွာ ဆောင်ရွက်လိုသည့်ဆန္ဒကိုအသိအမှတ်ပြုကြောင်း၊ ဩစတြေးလျနှင့် သဘောတူစာချုပ်မှာ အစားအသောက်ထောက်ပံ့မှု ကွင်းဆက်တစ်ခုလုံးအတွက် စွန့်စားမှု များစွာရှိကြောင်း၊ ဆန့်ကျင် ဖက်ကိုပြသသည့် တရားဝင်သက်ရောက်မှုအကဲဖြတ်ချက်မရှိခြင်းက အလွန်အဓိကကျသည့် အစားအသောက်ကဏ္ဍအပေါ် သက်ရောက်မှုကို အလွန်အမင်းစိုးရိမ်ကြောင်း၊ အစားအသောက် ထုတ်လုပ်သူများအတွက် အခွင့်အလမ်းသစ်များရရှိမည်ဆိုပါက ၎င်းရည်မှန်းချက်ကြီးမားသည့် ကုန်သွယ်မှု မူဝါဒကိုကြိုဆိုကြောင်း၊ အီးယူဈေးကွက်မှာ UKအတွက် အရေးကြီးဆုံးသော ပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး အစားအသောက် ပို့ကုန် စုစုပေါင်း၏ သုံးပုံနှစ်ပုံကို တင်ပို့ဆဲဖြစ်ကြောင်း၊ စကော့တလန် အစားအသောက်အသင်းက အစားအသောက်နှင့်စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍ၌ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုပြုလုပ်ရန် စိတ်အားထက်သန်မှုရှိကြောင်း၊ ဩစတြေးလျနှင့် ကုန်သွယ်မှု သဘောတူစာချုပ်ကို သေချာစွာ မစိစစ်သည့်အပြင် သက်ဆိုင်ရာကဏ္ဍ၊ အခြားကျွမ်းကျင်သူ ပညာရှင်များနှင့်ပါ ထိတွေ့ဆက်ဆံမှုများမရှိဘဲ အလျင်အမြန် ချုပ်ဆိုမည်ဆိုပါက စီးပွားရေးလုပ်ငန်းများနှင့် အသိုင်းအဝန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် UK ၏ နိုင်ငံတကာဂုဏ်သိက္ခာတို့ကိုပါ ထိခိုက်စေနိုင်သည်ဟု‌ ပြောကြားခဲ့ကြောင်း၊ အစိုးရအနေဖြင့် လက်မှတ်ရေးထိုးသည့် မည်သည့်သဘောတူ စာချုပ်မဆို စိုက်ပျိုးရေးလုပ်ငန်းအတွက် အကာအကွယ်ပေးမှုများ ပါဝင်မည်ဖြစ်ပြီး UK လယ်သမားများကို ပျက်ဆီးစေခြင်း(သို့) မိမိတို့မြင့်မားသော စံချိန်စံညွှန်းများကို အလျှော့ပေးခြင်းတို့ ပြုလုပ်မည်မဟုတ်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
(ရင်းမြစ်-ကင်ဘာရာမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံသတင်း
အိန္ဒိယနိုင်ငံ၌ ရွေ့လျားCNG အရောင်းဝန်ဆောင်မှုအား စတင်အသုံးပြုသည့်သတင်း
၂။ အိန္ဒိယနိုင်ငံ ဥတာပရာဒေ့ရှ်ပြည်နယ် Jhansi ခရိုင်၌ ပိုက်လိုင်းဖြင့် သဘာဝဓါတ်ငွေ့ ဖြန့်ဖြူးမှု၊ ဒေလီမြို့တော်နှင့် မဟာရဋ္ဌပြည်နယ် Raigad ခရိုင်တွင် ရွေ့လျားစနစ်ဖြင့် လောင်စာ ဖြည့်တင်း ဝန်ဆောင်မှု (Mobile Refueling Units- MRUs)တို့အား စတင်ဆောင်ရွက်သည့် အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင်ကျင်းပခဲ့ရာ အိန္ဒိယ ရေနံနှင့်သဘာဝ ဓါတ်ငွေ့ ဝန်ကြီး က Video Conferencing ဖြင့် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အိန္ဒိယအစိုးရသည် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ၌ထားရှိသည့် ကတိကဝတ်များအား ဖော်ဆောင်မှုနှင့်အတူ ၂၀၂၀ ပြည့်နှစ်တွင် ပင်မစွမ်းအင်ကဏ္ဍ၌ သဘာဝဓါတ်ငွေ့အသုံးပြုမှု ၁၅% အထိပါဝင်လျှက် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေး အထောက်အကူဖြစ်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိကြောင်း၊ သဘာဝဓါတ်ငွေ့တိုးမြှင့်အသုံးပြုခြင်းက ရုပ်ကြွင်းလောင်စာဆီများ အပေါ်အမှီပြုနေရမှုကို လျော့ကျစေမည်ဖြစ်ပြီး သွင်းကုန်ကဏ္ဍ၌ ဝန်ထုပ်ဝန်ပိုးသက်သာစေမည်ဖြစ်ကြောင်း၊ ယခင်က CNG ဓါတ်ငွေ့အရောင်းဆိုင်နှင့် ပိုက်လိုင်းဓါတ်ငွေ့ဖြန့်ဖြူးမှုတို့သည် မြို့ကြီးများ၌သာရှိခဲ့ရာမှ ယခုအခါ မြို့နယ်များသို့ပါ ရောက်ရှိနေပြီဖြစ်ကြောင်း၊ လာမည့် (၇)နှစ်၊ (၈) နှစ် အတွင်း နိုင်ငံတစ်ဝန်း၌ CNG ဓါတ်ငွေ့ဆိုင်ပေါင်း (၁၀၀)နှင့် PNG ပိုက်လိုင်းဖြင့် ချိတ်ဆက်သုံးစွဲမှုပေါင်း (၅၀)သန်း အထိ ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း၊ MRUs စနစ်သည် စရိတ်သက်သာသည့် အားသာချက် ရှိသကဲ့သို့ ပိုက်လိုင်းကွန်ယက်လွှမ်းခြုံနိုင်မှုမရှိသည့်ဒေသများနှင့် သမာရိုးကျ CNG ဓါတ်ငွေ့ဆိုင်များ တည်ဆောက်ရန်ခက်ခဲသည့်နေရာများ၌ သဘာဝဓါတ်ငွေ့ လွယ်လင့်တကူရရှိစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ Gas ကုမ္ပဏီ (၂)ခုက ဒေလီမြို့တော်နှင့် မွန်ဘိုင်းမြို့တို့တွင် MRUs စနစ်ဖြင့် ‌ရွေ့လျား CNG အရောင်းဝန်ဆောင်မှု ပေးအပ်မည်ဖြစ်ပြီး MRUs ယူနစ်တစ်ခုလျှင် MRUs ဓါတ်ငွေ့(၁၅၀၀)ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ပြီး မော်တော်ယာဉ်တစ်စီးလျှင် ပျမ်းမျှ ၁၀ ကီလို ဂရမ်နှုန်းဖြင့် ယာဉ်အစီးရေ (၁၀၀) မှ (၁၅၀)ခန့် အထိ လောင်စာဖြည့်တင်းပေးနိုင်မည်ဖြစ်ရာ ၎င်းမြို့ တို့သည် မော်တော်ယာဉ်များအတွက် CNG ဓါတ်ငွေ့ကို ရေွ့လျားစနစ်ဖြင့် အရောင်းဝန်ဆောင်မှု ပေးသည့် ပထမဉီးဆုံးသော မြို့များ ဖြစ်လာကြကြောင်း၊ ယခုကဲ့သို့ ရွေ့လျားဝန်ဆောင်မှုယူနစ်များဖြင့် ရောင်းချပေးခြင်းက CNG ဓါတ်ငွေ့ အသုံးပြုသူများအတွက် အခြေစိုက်အရောင်းဆိုင်များ၌ အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းရမှုကို သက်သာမှုရရှိစေမည်ဖြစ်သကဲ့သို့ သဘာဝဓါတ်ငွေ့ လောင်စာစွမ်းအင်သုံး မော်တော်ယာဉ်အား နေရာဒေသပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဘာရိန်းနိုင်ငံသို့ အိန္ဒိယသရက်သီးများတင်ပို့မှု စတင်ခြင်း
၃။ အိန္ဒိယနိုင်ငံအစိုးရသည် သစ်သီးဝလံကဏ္ဍမှ ပို့ကုန်များတိုးတက်ရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ နိုင်ငံအရှေ့ပိုင်းဒေသများ၌စိုက်ပျိုးထွက်ရှိသော သရက်သီးအမျိုးအစား ၁၆ ခု ကို ဘာရိန်းနိုင်ငံသို့ တင်ပို့မှုစတင်နိုင်ခဲ့ကြောင်း လယ်ယာပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) သတင်းထုတ်ပြန်ချက်အရသိရှိရပြီး အာဏာပိုင်အဖွဲ့က ၎င်းတို့အနေဖြင့် အိန္ဒိယနိုင်ငံအတွင်း သမားရိုးကျမဟုတ်သောဒေသများနှင့် ပြည်နယ်များမှ ထွက်ရှိသော သရက်သီးများအား ပြည်ပတင်ပို့မှု မြှင့်တင်ရန်အတွက် အင်တာနက်ကွန်ယက်မှ ရောင်းသူနှင့်ဝယ်သူ တွေ့ဆုံပွဲများနှင့် သစ်သီးဝလံပြပွဲများ အပါအဝင် အစီအမံများကို အစပြုဆောင်ရွက်ခဲ့ကြောင်း၊ မကြာသေးမီက ဂျာမဏီနိုင်ငံ ဘာလင်မြို့၌ သရက်သီးပွဲတော်ကို ကျင်းပခဲ့ကြောင်း၊ အလားတူ ကိုရီးယားနိုင်ငံရှိ အိန္ဒိယကုန်သည် လုပ်ငန်းရှင်များအသင်း (ICCK)၊ အိန္ဒိယသံရုံးတို့နှင့်ပူးပေါင်း၍ သရက်သီး ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ရောင်းသူ/ဝယ်သူ ချိတ်ဆက်တွေ့ဆုံပွဲ (Virtual Buyer Seller Meet) ကိုလည်း ကျင်းပနိုင်ခဲ့ကြောင်း၊ မေလဆန်းပိုင်း၌ အိန္ဒိယ တောင်သူလယ်သမား သမဝါယမလီမိတက် တစ်ခု ဖြစ်သော IFFCO Kisan SEZ သည် အန္တရာ ပရာဒေ့ရှ်ပြည်နယ်မှ ထွက်ရှိသော ပထဝီဒေသဆိုင်ရာ အညွှန်း(GI) အသိအမှတ်ပြုလက်မှတ်ရ Banganapalli အမျိုးအစား အပါအဝင် သရက်သီး ၂.၅ တန် ကို တောင်ကိုရီးယားသို့ တင်ပို့နိုင်ခဲ့ကြောင်း၊ ၎င်းသည် ယခုနှစ် သီးနှံရာသီအတွင်း သရက်သီး ၆၆ တန်ကို တင်ပို့ရန် တောင်ကိုရီးယားနိုင်ငံရှိ Meejaim လုပ်ငန်းစုနှင့် စာချုပ်ချုပ်ဆိုထားကြောင်း၊ ယခု အနောက်ဘင်ဂယ်ပြည်နယ်မှထွက်ရှိသည့် GI အသိအမှတ်ပြုလက်မှတ်ရ Khirsapati နှင့် Lakshmanbhog နှင့် ဘီဟာပြည်နယ်မှ စိုက်ပျိုးထုတ်လုပ်သော GI လက်မှတ်ရ Zardalu တို့အပါအဝင် သရက်သီး ၁၆ မျိုးကို ကောလ်ကတ္တားမြို့အခြေစိုက် DM Enterprises မှ ဘာရိန်း နိုင်ငံရှိ Al Jazeera Group ထံသို့ စတင်တိုးချဲ့ တင်ပို့နိုင်ခြင်းဖြစ်ကြောင်း ၊ အိန္ဒိယနိုင်ငံ ပြည်နယ် အများအပြားတွင် သရက်သီးစိုက်ပျိုးထွက်ရှိပြီး ဥတာပရာဒေ့ရှ်၊ ဘီဟာ၊ အန္တရာ ပရာဒေ့ရှ်၊ တဲလန် ဂါနာနှင့် ကာနာတကာ ပြည်နယ်များသည် အဓိကထုတ်လုပ်တင်ပို့သည့် ဒေသများဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၌ သရက်သီးထုတ်ကုန်များအား APEDA ၌ မှတ်ပုံတင်ထားသည့် ထုပ်ပိုးပြုပြင်ရေး အလုပ်ရုံများ၌ သန့်စင်ပြုပြင်ပြီးမှ လတ်ဆတ်သရက်သီး၊ သရက်သီးဖျော်ရည်နှင့် သရက်သီး အခြောက်ဟူ၍ ပုံစံ ၃မျိုးဖြင့် ပြည်ပသို့တင်ပို့ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား နှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသည် အိန္ဒိယ၏ သရက်သီး အဓိကတင်ပို့ သော ဈေးကွက်များဖြစ်ကြောင်း သိရှိရသည်။
(ရင်းမြစ်-နယူးဒေလီမြို့၊စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တရုတ်နိုင်ငံသတင်း
နယ်စပ်ဂိတ်များပိတ်ထားမှုကြောင့် အဓိက စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်မှုများ လျော့ကျလျှက် ရှိသည့်သတင်း
၄။ Covid-19 ကပ်ရောဂါကြောင့် ဟောင်ကောင်ဒေသနှင့် တရုတ်ပြည်မကြီးအကြား နယ်စပ်ဂိတ်များ ပိတ်ထားရာ တရုတ်ပြည်မကြီး၌ ကုန်ပစ္စည်းများ အစားထိုးသုံးစွဲမှုကြောင့် ဟောင်ကောင်ဒေသမှ ကုန်ပစ္စည်းများဝယ်ယူလျှက်ရှိသည့် စီးပွားရေးလုပ်ငန်းမိတ်ဖက်များ လျော့ကျလျှက်ရှိသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးအကြား နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် အရေးကြီးသည်မှာ ဟောင်ကောင်ဒေသ၏ တရုတ်ပြည်မကြီးနှင့် ကမ္ဘာတစ်ဝှမ်းချိတ်ဆက်နိုင်သည့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အားသာချက်ကို ဆုံးရှုံးနိုင်ချေရှိသောကြောင့်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် တရုတ်ပြည်မကြီးနှင့် လျင်မြန်စွာ ပြန်လည်ချိတ် ဆက်နိုင်ခြင်းမရှိလျှင် ကုန်ပစ္စည်းယာယီအစားထိုးသုံးစွဲမှုမှ အမြဲတမ်းအစားထိုးသုံးစွဲမှု ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဟောင်ကောင်ဒေသသည် တရုတ်ပြည်မကြီးရှိ မြို့ကြီးများနှင့် အလှမ်းကွာဝေးသောကြောင့် ဟောင်ကောင်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုမှာ အဓိကဉီးစားပေးအချက်ဖြစ်ရာ နယ်စပ်ဂိတ်များ ဖွင့်လှစ်နိုင်ရန်နှင့် နိုင်ငံတကာ ခရီးသွားလာမှုများ ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် Covid-19 ကာကွယ်ဆေး ထိုးနှံရန် ဟောင်ကောင်ဒေသခံများအား တိုက်တွန်းပြောကြားခဲ့ကြောင်း၊ ဟောင်ကောင်ဒေသခံများအနေဖြင့် နိုင်ငံရေးထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပိုမိုအလေးထားဆောင်ရွက်သင့်ပြီး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေး မြှင့်တင်ဆောင်ရွက်ရန်နှင့် ကျွမ်းကျင်ပညာရှင်များလည်းလိုအပ်ကြောင်း၊ တရုတ်နိုင်ငံ၏ Dual Circulation နည်းဗျူဟာမှာ ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန်သာမက တရုတ်ပြည်မကြီးမှ ကုမ္ပဏီများ ပြည်ပနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံနိုင်သောကြောင့် ဟောင်ကောင်ဒေသသည် တရုတ်ပြည်မကြီးမှ ကုမ္ပဏီများကို ပံ့ပိုးကူညီရန် အချက်အခြာကျသည့်ဒေသဖြစ်ကြောင်း သိရှိရပါသည်။
(ရင်းမြစ်- နန်နင်းမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

စင်ကာပူနိုင်ငံသတင်း
စင်ကာပူငွေကြေးအာဏာပိုင်ကဘဏ်များ၏ အမေရိကန်ဒေါ်လာငေွသားလိုအပ်ချက်အပေါ် ဖြည့်ဆည်းပေးသည့် အစီအစဉ်ကို ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလထိ အချိန်ကာလ တိုးမြှင့်သည့်သတင်း
၅။ စင်ကာပူဗဟိုဘဏ်သည် ၂၀၂၀ ပြည့်နှစ်၊မတ်လတွင် စတင်ခဲ့သော MAS USD Facility အစီအစဉ်မှတစ်ဆင့် အမေရိကန်ဒေါ်လာ ငွေသားလိုအပ်ချက်အပေါ် ဖြည့်ဆည်းပေးလျှက်ရှိပြီး ယင်း အစီအစဉ်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလထိ အချိန်ကာလတိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဟု ဇွန်လ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ဘဏ်များအနေဖြင့် စင်ကာပူနှင့်ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများသို့ အမေရိကန်ဒေါ်လာ ထပ်ဆင့်ထုတ်ချေးနိုင်ရေးအတွက် ကူညီပေးသည့် အစီအစဉ်ဖြစ်ပြီး ထိုသို့‌ဆောင်ရွက်နိုင်ရန် လက်ရှိအချိန်အထိ ဘဏ်များသို့ အမေရိကန်ဒေါ်လာ (၂၅) ဘီလီယံ ဖြည့်ဆည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံသည် နိုင်ငံတကာငွေကြေးဗဟိုဌာနတစ်ခု ဖြစ်သည့်အတွက် အာရှ‌ဒေသအတွင်း နယ်စပ်ဖြတ်ကျော် အမေရိကန်ဒေါ်လာ လိုအပ်ချက်အပေါ် ထောက်ပံ့‌ပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျှက်ရှိကြောင်း၊ ဘဏ်စနစ်အတွင်း စင်ကာပူ‌ဒေါ်လာနှင့် အမေရိကန်ဒေါ်လာတို့၏ ငွေဖြစ်လွယ်မှုရှိစေရေးအတွက်‌ ဆောင်ရွက်လျှက်ရှိသည်ဟု စင်ကာပူ ဗဟိုဘဏ်က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
(ရင်းမြစ်-