Main menu

ဈေးနှုန်းတည်ငြိမ်လျက်ရှိသော ကုလားပဲဝါ

Powered by Drupal

  ကုလားပဲစိုက်ပျိုးထွက်ရှိမှုတွင် အိန္နိယ၊ ပါကစ္စတန်၊ တူရကီ၊ အီသီယိုးပီးယားနိုင်ငံတို့ပြီးလျှင် မြန်မာသည် ပဥ္စမမြောက် ကုလားပဲစိုက်ဧကအများဆုံးနိုင်ငံဖြစ်သည်။ ကုလားပဲသည် ကမ္ဘာတွင် တတိယအရေးကြီးသော ပဲတစ်မျိုးဖြစ်သည်။ ကုလားပဲကို မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် ဆောင်းသီးနှံအဖြစ် အောက်တိုဘာနှင့် နိုဝင်ဘာလတွင်စိုက်ပျိုးကြပြီး ဇန်နဝါရီနှင့် ဧပြီလတွင်ရိတ်သိမ်းကြပါသည်။ အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း အနည်းငယ်စိုက်ပျိုးကြပါသည်။ ကယားပြည်နယ်တွင် ကုလားပဲကို   ဒီးမော့ဆိုခရိုင်နှင့် မိုင်းလုံး၊ မထောခူ၊ မှုံပြာကျေးရွာများတွင် စိုက်ပျိုးကြပါသည်။အခြားစားဖိုဆောင်သီးနှံများမှာ အနည်းငယ်စီဈေးနှုန်းမြင့်တက်လျက်ရှိသော်လည်း ကုလားပဲဝါဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။ ကယားပြည်နယ်တွင် ယခင်ဇွန်လ၊စတုတ္ထအပတ်နှင့် ယခုဇူလိုင်လ၊ ပထမအပတ်တို့အတွင်း ကုလားပဲဝါတစ်ပိဿာလျှင် (၆၄၀၀) ကျပ်ဖြင့် တည်ငြိမ်စွာအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း နောင်ယားဈေးအတွင်းရှိ ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)