Main menu

သီပေါမြို့၊ နောင်ကော်ကြီးကျေးရွာတွင် နာနတ်သီးအသင်းသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

 သီပေါမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်လင်းလင်းထွန်းက သီပေါမြို့၊ နမ့်ရမ်းကျေးရွာအုပ်စု၊ နောင်ကော်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နောင်ကော်ကြီးကျေးရွာရှိ နာနတ်သီးအသင်းအဖွဲ့မှ ဒေသခံအသင်းသား (၄၀) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းဦး၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရတနာဝင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်မြပွင့်ဖြူတို့က မိမိတို့သက်ဆိုင် သည့်ဌာနအလိုက် အကြောင်းအရာများကိုဟောပြောခဲ့ကာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်လင်းလင်းထွန်းက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးများနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ Doca Myanmar Application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Center No. (၁၅၃၅) နံပါတ်များသို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

  ထို့နောက် တက်ရောက်လာသောဒေသခံများ၏ သိရှိလိုသည်များမေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီးနောက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)