Main menu

မိတ္ထီလာဒေသထွက် ကုန်စျေးနှုန်းအခြေအနေ

Powered by Drupal

   မိတ္ထီလာစျေးကွက်အတွင်း ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်များအနက် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်ဖြင့်လည်းကောင်း၊ မဂျမ်းတောဆန်မှာ တစ်အိတ်လျှင် ၈၅၀၀၀ကျပ်ဖြင့်လည်းကောင်းစျေးငြိမ်နေပြီး ‌ဒေသတွင်းစားသုံးမှုများသော မနောသုခဆန်မှာ တစ်အိတ်လျှင် ယခင်အပတ်တွင် ၇၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၈၀၀၀၀ကျပ်အထိစျေးမြင့်လာခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးအနေနှင့် နွေစပါးမှာ စိုက်ပျိုးချိန်နောက်ကျသကဲ့သို့ ထွက်ရှိမှုတွင်လည်း နောက်ကျလေ့ရှိပါသည်။ ဒေသတွင်းရှိသောသီးနှံများအနက် မန်ကျည်းသီးမှည့်မှာ ပြည်ပဝယ်လိုအားရှိသော သီးနှံဖြစ်ပါသည်။ မန်ကျည်းသီးမှည့်ကို ဖေဖော်ဝါရီလနှင့် မတ်လများတွင်ခူးဆွတ်ကာ စျေးကွက်သို့တင်ပို့ခြင်း၊ သိုလှောင်ခြင်းများပြုလုပ်ကြပါသည်။ မန်ကျည်းသီးမှည့်ပေါ်စအချိန်တွင် ပုံမှန်အားဖြင့် တစ်ပိဿာလျှင် ၃၀၀၀ကျပ်ရှိခဲ့ပြီး သီးနှံလှိုင်ချိန်တွင် ၂၅၀၀ကျပ်ရှိ၍ စျေးနှုန်းကျဆင်းသွားကာ ယခုလက်ရှိပေါက်စျေးတွင်မူ တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၇၀၀ကျပ်အထိသာရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)