မိတ္ထီလာခရိုင်အတွင်း စပါးကို မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်(၄) မြို့နယ်လုံးတွင် စိုက်ပျိုးကြပြီး မနောသုခစပါးနှင့် ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ လဆန်းပိုင်းတွင် စျေးကွက်ဖြစ်ပေါ်နေသော စပါး/ဆန်စျေးနှုန်းများမှာ မနောသုခစပါးတင်း (၁၀၀) လျှင် ၂၄၀၀၀၀၀ကျပ်၊ ဧရာပဒေသာစပါးတင်း (၁၀၀) လျှင် ၂၇၀၀၀၀၀ကျပ်နှင့် မနောသုခ (ဟောင်း) ဆန်တစ်အိတ်လျှင် ၈၅၀၀၀ကျပ်၊ ဧရာပဒေသာဆန်အဟောင်းတစ်အိတ်လျှင် ၉၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်တွင် မနောသုခစပါးတင်း (၁၀၀) လျှင် ၁၀၀၀၀၀၀ကျပ်၊ ဧရာပဒေသာစပါးတင်း (၁၀၀) လျှင် ၁၃၀၀၀၀၀ကျပ်နှင့် မနောသုခဆန်တစ်အိတ်လျှင် ၃၅၀၀၀ကျပ်၊ ဧရာပဒေသာ (ဟောင်း) တစ်အိတ်လျှင် (၄၅၀၀၀) ကျပ်သာရှိခဲ့ပြီး ယခင်နှစ်နှင့်ယခုနှစ်ကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် စပါး/ဆန်စျေးများမြင့်တက်လာကြောင်း၊ စျေးနှုန်းမြင့်တက်လာရခြင်းမှာ တောင်သူ၊ ကုန်သည်များထံတွင် စပါး/ဆန်လက်ကျန်များအနည်းငယ်သာရှိခြင်းကြောင့်ဖြစ်သည်ဟု စပါး၊ ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)