Main menu

ပခုက္ကူဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်အခြေအနေ

Powered by Drupal

  ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ ယခင်လထက် ရောင်းအားအနည်းငယ်ကျဆင်းခဲ့ပြီး မိုးတွင်းကာလဖြစ်သောကြောင့် ဈေးအနည်းငယ်ကျဆင်းခဲ့ကာ  ကြံနှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၈၆၀၀)၊ အယ်လဖာဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၈၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

 စိုက်ပျိုးရာသီဖြစ်သောကြောင့်  ဓာတ်မြေဩဇာဈေးနှုန်းများမှာ  အသုံးအများဆုံးဖြစ်သောအာမိုယူရီးယား၊ ဩဘာယူရီးယား၊ ပုလဲရွှေတောင်အမျိုးအစားများမှာ ဈေးတက်လာသည်ကိုတွေ့ရပါသည်။ ယခု ဇူလိုင်လ၊ ပထမအပတ်တွင် အာမိုယူရီးယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ဩဘာယူရီးယား (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ တရုတ်ပုလဲရွှေတောင်(50)kgပါ  တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)အသီးသီးရှိခဲ့ပါသည်။ ပုံမှန်အရောင်းအဝယ်ဖြစ်သော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ရွှေနဂါးယူရီးယား (50k)gပါ တစ်အိတ်လျှင် ကျပ်(၈၅၀၀၀)၊ တီစူပါသံကွင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀၊) မြန်မာ့ဩဘာရွှေကောမက်(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ အာမိုကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၃၈၀၀၀)၊ ဩဘာကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)နှင့် ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅(50kg)ပါ တစ်အိတ်လျှင် ကျပ် (၁၃၂၀၀၀) တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

 ပိုးသတ်ဆေးဈေးနှုန်းများအနေဖြင့် ဇွန်လ၊ ဒုတိယအပတ်ဈေးနှုန်းအတိုင်း ဇူလိုင်လ၊ ပထမအပတ်ထိ ဈေးငြိမ်နေပြီး အာမိုမက်နီဖော့(500)ccတစ်ဘူးလျှင် ကျပ်(၂၇၀၀၀)၊ အာမိုအီမာ(၁)လီတာဘူးတစ်ဘူးလျှင် ကျပ်(၄၃၅၀၀)၊ မင်းမဟော်စီအက်စ်(500)gပါ တစ်ထုပ်လျှင် ကျပ်(၂၀၀၀၀)၊ ဩဘာပို့စ်(၂၅၀)ccဘူးတစ်ဘူးလျှင် ကျပ်(၁၀၀၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ် (၂၀၀၀၀)၊ ဩဘာငှက်ကြီးတောင်(၁၀၀)ccတစ်ဘူးလျှင် ကျပ်(၁၆၀၀၀)၊ ဩဘာငှက်ကြီးတောင်(၂၅၀)ccတစ်ဘူးလျှင် ကျပ်(၃၇၅၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500)ccတစ်ဘူးလျှင် ကျပ်(၂၇၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး(250)ccတစ်ဘူးလျှင် ကျပ်(၁၄၅၀၀) အသီးသီးရှိပြီး ပိုးသတ်ဆေးများမှာ အရောင်းအဝယ်အနည်းငယ်ပါးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)