စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် ၂၀၂၃ခုနှစ်၊ဇွန်လ (ပထမအပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ကျပ် (၇၀၀၀-၁၀၀၀၀) ဈေးရရှိခဲ့ကြောင်း၊ယခု ဇူလိုင်(ပထမအပတ်)တွင် အရည်အသွေးအပေါ် မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၃၀၀၀)ဖြင့်သာ ရောင်းချရကြောင်း၊ မိုးဦးရာသီတွင် အထွက်နှုန်းပိုမိုများလာခြင်း၊ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများပြားခြင်းကြောင့် ဈေးနှုန်းသိသိသာသာကျဆင်းခြင်းဖြစ်ကြောင်း ကွမ်းစိုက်တောင်သူများထံမှ စုံစမ်းသိရှိရသည်။
DOCA(စစ်ကိုင်း)