![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၄၃_0.jpg?itok=MZpAarUI)
ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ (၇)ရက်နေ့အထိ၊ ပထမအပတ်အတွင်း နေ့စဉ်ကုန်ချိန်ပိဿာ (၆)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၄)သိန်းခန့်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။
ဇူလိုင်လ၊ ပထမအပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ်(၁၉၅၀)မှ ကျပ်(၁၈၅၀)၊ အလတ်စ ကျပ်(၁၈၀၀) မှ ကျပ်(၁၇၀၀)၊ အနိမ့်ဈေး ကျပ်(၁၆၀၀)မှ ကျပ်(၁၅၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်ဇွန်လ၊စတုတ္ထအပတ်တွင် ကြက်သွန်နီထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၉၅၀)မှ ကျပ်(၁၉၃၅)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုအပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၈၅)၊ အလတ်စနှင့် အသေးစ ကျပ်(၅၀)ခန့်ဈေးနှုန်းကျဆင်းလာ၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မြဝတီဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးကုန်စည်စီးဆင်းလျက်ရှိကြောင်း ကြက်သွန်နီဈေးကွက်မှသိရှိရသည်။ ယခုဇူလိုင်လ၊ ပထမအပတ်အတွင်း ကြက်သွန်နီစုစုပေါင်းပျမ်းမျှပိဿာ (၄)သိန်းခန့်၊ (၁၃၃၃၂)အိတ်၊ တန်ချိန်(၆၅၃)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။
ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ၏ အရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၂၃၀၀)မှ ကျပ်(၁၆၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)