တောင်ငူမြို့ရှိ ဓာတ်မြေဩဇာဆိုင်များတွင် မြင်းပျံ၊ CP၊ MC အမှတ်တံဆိပ် ယူရီးယား(လုံးကြီး)ဓာတ်မြေဩဇာများနှင့် အာမိုအမှတ်တံဆိပ် ယူရီးယား(လုံးသေး)ဓာတ်မြေဩဇာများမှာ ၂၀၂၃ုခုနှစ်၊ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၈၆၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းတွင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းဆက်လက်ကျဆင်းပြီး ဩဘာအမှတ်တံဆိပ် ယူရီးယားလုံးသေးဓာတ်မြေဩဇာမှာ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၇၅၅၀၀ကျပ်မှ ယခုလဆန်းတွင် တစ်အိတ်လျှင် ၈၀၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်နေပါသည်။
တရုတ်ဓာတ်မြေဩဇာဖြစ်သော တီစူပါ(သံကွင်း)မှာ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၁၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းတွင် တစ်အိတ်လျှင် ၈၅၀၀၀ကျပ်၊ ဩဘာကုမ္ပဏီထုတ် ရွှေကောမတ်ဓာတ်မြေဩဇာ၊ ဂျာမနီနိုင်ငံထုတ် ပိုတက်ဓာတ်မြေဩဇာ၊ အာမိုအမှတ်တံဆိပ် ကွန်ပေါင်းမြေဩဇာနှင့် ဩဘာကုမ္ပဏီထုတ် ကွန်ပေါင်းမြေဩဇာများမှာ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းတွင် တစ်အိတ်လျှင် ၈၉၅၀၀ကျပ်ဖြစ်၍ ဈေးနှုန်း ဆက်လက်ကျဆင်းလာခဲ့ပါသည်။
ကော့မတ် ကွန်ပေါင်း ၁၅:၁၅:၁၅ဓာတ်မြေဩဇာမှာ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းတွင် တစ်အိတ်လျှင် ၉၉၀၀၀ကျပ်၊ တရုတ်အာမို ၁၆:၁၆:၈မြေဩဇာမှာ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းတွင် တစ်အိတ်လျှင် ၁၁၆၄၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ပြန်တက်လျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)