ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲစင်းငုံ၊ ပဲကြီးနှင့် ဘိုကိတ်ပဲဈေးနှုန်းပြောင်းလဲမှုများကို အာက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်-
ပဲစင်းငုံ
ပြည်ကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ မေလ၊ ပထမအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၇၇၀၀၀-၇၇၅၀၀) ကျပ်၊ ဒုတိယအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၇၉၀၀၀-၇၉၅၀၀) ကျပ်တို့ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀/ ၃၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ မေလ၊ တတိယအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၈၃၅၀၀-၈၄၀၀၀) ကျပ်ထိဈေးမြင့်လာခဲ့ပြီး မေလ၊ စတုတ္ထအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၉၀၀၀၀-၉၁၀၀၀) ကျပ်တို့ဖြင့် တစ်ရက်လျှင် ရန်ကုန်တင်ပို့မှုမှာ အိတ် (၂၀၀) ခန့်ရှိခဲ့ပါသည်။ ဇွန်လ၊ ပထမအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၁၀၅၀၀၀-၁၀၆၀၀၀) ကျပ်၊ ဒုတိယအပတ်တွင် (၁၀၄၀၀၀-၁၀၅၀၀၀) ကျပ်တို့ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀/၂၅၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ဇွန်လ၊ တတိယအပတ်တွင် ပဲစင်းငုံဈေးနှုန်းကျဆင်းလာပြီး ပဲတစ်တင်းလျှင် (၁၀၁၀၀၀) ကျပ်၊ စတုတ္ထအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၉၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။
ပဲကြီး
မေလ၊ ပထမအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၈၈၀၀၀-၈၉၀၀၀) ကျပ်၊ မေလ၊ ဒုတိယအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၀၀၀၀) ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ် (၃၀၀) ခန့်အဝယ်ရှိပါသည်။ မေလ၊ တတိယအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၀၀၀၀) ကျပ်၊ စတုတ္ထအပတ်တွင် တစ်တင်းလျှင် (၉၃၀၀၀-၉၄၀၀၀) ကျပ်ဖြင့်ဈေးမြင့်လာခဲ့ပြီး မြို့တွင်းပဲကြော်သမားများအဝယ်ရှိပါသည်။ ဇွန်လ၊ ပထမအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၅၀၀၀) ကျပ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၅၀၀၀) ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။ ဇွန်လ၊ တတိယအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၄၀၀၀-၉၅၀၀၀) ကျပ်၊ ဇွန်လ၊ စတုတ္ထအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၆၀၀၀-၉၇၀၀၀) ကျပ်တို့ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ် (၃၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။
ဘိုကိတ်ပဲ
မေလ၊ ပထမအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၇၀၀၀) ကျပ်ဖြင့် တစ်ရက် အိတ် (၄၀/၅၀) ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ မေလ၊ ဒုတိယအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၇၀၀၀) ကျပ်၊ တတိယအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၇၀၀၀) ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။ မေလ၊ စတုတ္ထအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၈၀၀၀-၅၀၀၀၀) ကျပ်တို့ဖြင့် ဈေးတက်လာခဲ့ပြီး မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ဒုတိယအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၅၄၀၀၀-၅၅၀၀၀) ကျပ်အထိဈေးတက်လာခဲ့ပါသည်။ ဇွန်လ၊ တတိယအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၅၈၀၀၀-၆၀၀၀၀) ကျပ်၊ စတုတ္ထအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၅၉၀၀၀-၆၀၀၀၀) ကျပ်တို့ဖြင့် မြို့တွင်းအဝယ်တစ်ရက် အိတ် (၅၀/၁၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။
ပြည်ကုန်စည်ဒိုင်တွင် ယခင်မေလနှင့် ဇွန်လတွင် ပဲအရောင်းအဝယ်ဖြစ်မှုမှာ ပိုမိုကောင်းမွန်ပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း ပိုမိုကောင်းမွန်ခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)