စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း ဈေးကွက်များတွင်ရောင်းချနေသော ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်ရည်ရွယ်၍ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူတို့၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့်ပြဋ္ဌာန်းချက်များ၊ ကုန်ပစ္စည်းများပေါ်တွင် ရေးသားဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားရေးသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်အကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များ၏ သိရှိလိုသည်များကို ပြန်လည်မေးမြန်းမှုများအပေါ် ရှင်းလင်းဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၂၀) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)