ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(ပထမပတ်)အတွင်း ရာသီစာနာနတ်သီးများ ရောင်းအားကောင်းလျက်ရှိပါသည်။ နာနတ်သီးသည် အရည်ရွှမ်း၊ အနံ့မွှေး၍ အရသာကောင်းမွန်သည့်အပြင် ဗီတာမင်နှင့်သတ္တုဓာတ် များစွာကြွယ်ဝသဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ နာနတ်သီးတွင် အဓိကပါဝင်သော အာဟာရဓာတ်များမှာ ကာဗိုဟိုက်ဒြိတ်၊ ဗီတာမင်၊ သတ္တုဓာတ်နှင့်အင်ဇိုင်း ဓာတ်များပါဝင်ပြီး အဆိုပါ အာဟာရဓာတ်များသည် ပင်ပန်းနွမ်းနယ်မှုများကို လျော့နည်းစေခြင်း၊ အရိုးကျန်းမာရေးကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအားမြင့်မားစေခြင်း၊ ရောင်ရမ်းမှုနှင့် နာကျင်မှုများကို သက်သာစေခြင်း၊ စွမ်းအင်ထုတ်လုပ်ပေးခြင်း၊ အစာချေစနစ်ကောင်းစေခြင်း၊ သွေးလည်ပတ် မှုကောင်းစေခြင်း၊ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း စသည့်အကျိုးအာနိသင်များရရှိစေသည်။ နာနတ်သီးကို သဘာဝအတိုင်းအမှည့်စားသုံးခြင်း၊ ဖျော်ရည်ပြုလုပ်ခြင်း၊ ယိုထိုးခြင်း၊ သစ်သီးခြောက်ပြုလုပ်ခြင်း စသည်တို့ပြုလုပ်စားသုံးနိုင်သည်။ ဈေးကွက်တွင်အရောင်း သွက်လျက်ရှိသော ရာသီစာနာနတ်သီးသည် အလုံးကြီးတစ်လုံးသည် (၁၀၀၀) ကျပ်၊ အလုံးလတ် တစ်လုံး (၈၀၀)ကျပ်နှင့် အလုံးငယ်တစ်လုံး (၅၀၀)ကျပ် ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်နှင့် ဆိုက်ခေါင်ကျေးရွာတို့မှ အများဆုံးတင်သွင်းရောင်းချလျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)