
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီကို မိုင်းလုံရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်၊ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး ယခုဇူလိုင်လဒုတိယပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင် အလုံးအသေးအကြီးအမျိုးအစားလိုက်၍ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၃၅၀၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယခင်ဇူလိုင်လ(ပထမပတ်)နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း နောင်ယားဈေးအတွင်းရှိ ကြက်သွန်နီရောင်းချနေသူတစ်ဦးထံမှ သိရပါသည်။
DOCA(ကယား)